Powered By Blogger

Friday, July 13, 2012

သမ္မတ ဦးသိန်းစိန် အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ


ဇူလိုင်လ ၁၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတည်ရှိပုံ၏ မဟာဗျူဟာမြောက် ပထ၀ီအနေအထားနှင့် တရုတ်၊ အိန္ဒိယ အင်အားကြီးနိုင်ငံနှစ်ခုအကြား သယံဇာတ အရင်းအမြစ်ပေါများသော်လည်း ဖွံ့ဖြို့မှုနောက်ကျနေကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့သော ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီစနစ် ကူးပြောင်းရန် ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မတူတာတွေ ဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းများ၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု မှတ်ယူနိုင်သော ပဋိပက္ခများမှာ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့အပြင် နိုင်ငံသစ်တည်ဆောက်ချိန်တွင် ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADBနှင့် UNDP တို့ထံမှ အကူအညီ မရနိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူများ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ်ပညာများ သင်ယူပြီ စီးပွားရေး ဆက်သွယ်ဆောက်ရွက်ရန် ဆန္ဒရှိသော်လည်း ပိတ်ဆို့ အရေးယူမှုများ ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်နေကြောင်း အာရှမှ မိတ်ဆွေနိုင်ငံများက အလေးထား အသိအမှတ်ပြု ခံရမည့် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံအဖြစ် ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။

No comments:

Post a Comment