Powered By Blogger

Friday, July 13, 2012

ဒ်ါအောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့သည်။ 

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၀င်ရောက်ဆွေးနွေးပေးမှုဖြင့် ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်မှ သဘောတူညီခဲ့သည်။

အဆိုပါအဆိုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား Eleven Media Group က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment