Powered By Blogger

Tuesday, May 29, 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော


မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။            ။
 Yangon Press International

ဒေါ်စု ထိုင်းခရီးစဉ် စီမံခန့် ခွဲ မှု လို ဟု နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထား


ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် 
စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။  နယူးယောက်တိုင်းသတင်းစာခေါင်းစဉ်းမှာတော့ ပြင်ဆင်မှုညံတယ် ( Amid Disorganization, Aung San Suu Kyi Visits Thailand )   လို့ ဖေါ်ပြထားတာတော့အတော့ကို ရှက်စရာကောင်းလှပါတယ်။
အထူးသဖြင့်ဒေါ်စု ပါတီက လူတွေက 
အဆင့်မြင့်သံတမန်ရေးလုပ်ငန်းတွေအတွက် အတော့ကိုလေ့ကျင့်ဖို့ လိုဦးမယ်။ဒေါ်စုကတော့
နှစ်ပေါင်းများစွာအိမ်မှာအကျယ်ချုပ်ခံထားရတော့ ထားပါတော့လေ။ အခုသူခရီးစဉ်ကို 
တာဝန်ခံ သူက ခွန်သာမြင့် လို့ သိရတယ်။ သူမှာ နိင်ငံရေးနဲ့ သံတမန်ရေး ဘာမှ အတွေ့ အကြုဲံမရှိ
ဘူး။ သူက ဒေါ်စုအိမ်ကို ပဲ ပြင်တတ်သူတဦးသာဖြစ်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်လို့ နိင်ငံတကာ ခေါင်းဆောင် ကြီး ထိုင်းနိင်ငံထဲကို ၀င်လာတာက 
အတော့ကို ရုပ်ဆိုးလှတယ်။ ထိုင်းနိင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခြင်းလုံးဝမရှိဘူးလို့  
ထိုင်းနိင်ငံခြားရေးဝန်ကြီး သနီ( Thani )  ဆိုတဲ့အကြောင်းကို နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားပါတယ်။ 

ဒုကသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။ ဒီစခန်းတွေက နှစ်နိင်ငံကြားမှာ ပြသနာတရပ်ဖြစ်နေတဲ့စခန်းတွေ ဒီစခန်းတွေကိုသွားရင်ထိုင်းနိင်ငံရဲ့  ခွင့်ပြုချက်ကိုရယူဖို့ လိုပါတယ်။ ဒီလိုသွားရောက်လည်ပတ်ဖို့ အတွက်လည်း ဒေါ်စု ရဲ့ အဖွဲ့ က ထိုင်းအာဏာပိုင်တွေကို တရားဝင်အကြောင်းကြားမှုမရှိဘူးလို့  ဆိုပါတယ်။ အလားတူပဲထိုင်းနိင်ငံအခြေစို က်
 ဒုကသည်တွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့  BBC တာဝန်ရှိသူတွေကိုလည်းဆက်သွယ်ခြင်းမရှိဘူး။ 
ခွန်သာမြင့်ကိုဖုံးခေါ်ကြသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါါတယ်။
တပ်ခရိုင်ဝန်လည်း ဦးဏှောက်ခြောက်နေပါတယ်။ 
သူလာမယ်ဆိုတာကို မီဒီယာကပဲကြားရတယ်။ ကျနော်တို့  ကိုသူမရဲ့  အဖွဲ့ ကဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။ 
 ဦးညဏ်ဝင်း ကိုဖုံးခေါ်သော်လည်း မရဘူးလို့ သိရတယ်။  ဒေါက်တာစင်သီယာဆေးခန်းကိုသွားရောက်ဖို့  ရှိသော်လည်း 
 ဒေါက်တာစင်သီယာ မောင်ကိုလည်းဒေါ်စုနဲ့တွေ့ မဲ့ အစီအစဉ်မှာထည့်သွင်းမဆွဲထားဘူးလို့ သိရတယ်။ 
နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားချက်တွေအရ ဒေါ်စုခရီးစဉ်တာဝန်ယူထားတဲ့
အဖွဲ့ ဟာ တော်တော်လေးကို ဖယိုဖရဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။  
ဒီကြားထဲ မီဒီယာနဲ့တွေရင် အတော်ကို စကားသွက်လှတဲ့ဒေါ်စုက သူကို မျော်လင့်တကြီးစောင့်စားနေတဲ့ မီဒီယာသမားတွေကို ဘာတခွန်းမှာ မပြောသွားဘူးလို့ 
ဆိုပြန်တယ်။
ဒီပုံနဲ့ဆိုရင်တော့ ဒီချုပ်တွေ  စီမံခန့် ခွဲ ပုံတွေကြောင့် ဒီမိုကရေစီအရေး အတွက်ရင်လေးမိပါကြောင်း။ 

Sunday, May 27, 2012

Friday, May 25, 2012

Pyay power shortages spread protesters & police

Myanmar military(POLICE) brutality crackdown on power shortages spread protesters

Updated News 5/26

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်ပြီး ဖယောင်းတိုင်များ ကိုင်ဆောင်ထွန်းညှိ၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့


ရန်ကုန်မြို့တွင် မီးစက်သစ်ကြီးများ စမ်းသပ်မောင်းနှင်


ASIAN WARNING ABOUT PROTEST IN BURMA!

လူထုတောင်းဆိုမှု ကို အကြမ်းမဖက်ဖို့ အာဆီယံ အကြီးအကဲ သတိပေး

မြန်မာနိုင်ငံမှာလတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖေါ်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် ဆီ ကူးပြောင်းရာမှာ
ဖြစ်မြဲ ဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့လိုအပ်ကြောင်း အာဆီယံ
အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ် က မြန်မာ အစိုးရ ကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိသွားနေတဲ့လမ်းကြောင်းကနေ သွေဖည်မသွားဖို့၊ အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ မလုပ်မိဖို့ အရေးကြီးကြောင်းလည်း
ပြောဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီ
လူ့ဘောင်ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှား မှု တွေ၊ ဖိအားတွေ၊
တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ ကို ပြန်လည် အကြမ်းမဖက်ဘဲ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ် က ရိုက်တာသတင်းဌာန က တွေ့ဆုံ မေးမြန်း ရာမှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး
မြန်မာနိုင်ငံရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့ လို ကြောင်း လည်း ပြောဆိုပါတယ်။

Thursday, May 24, 2012

Myanmar gov start arresting the protester


ဆန္ဒပြသူများကိုဖမ်းဆီးလိုက်သည့် ပြည်ထောင်အနီးလူများစုဝေးနေ
ရန်ကုန်၊ မေ - ၁၂

ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကိုမေလ ၂၄ရက် နံနက် ၁၀နာရီခန့်တွင် လုံခြုံရေးအဖွဲ့များက ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ခြောက်ဦးအား အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း ပြည်မြို့ခံများကပြောသည်။

ထို့နောက် ဖမ်းဆီးသွားသူများထဲမှ ကိုကျော်ဆွေ၊ ကိုဝင်းနိုင်နှင့် မဂျွန်အပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အပါအ၀င် စုစုပေါင်းခြောက်ဦးအား ပြည်အကျဉ်းထောင်သို့ ပို့လိုက်ကြောင်းသတင်းရရှိသည်။
`ဆန္ဒပြတဲ့လူက ၃၀၀ လောက်ရှိတယ်။ တိုင်းရုံးရှေ့မှာ၊ ပြည်ရဲမှူးက စပြီး တားတယ်။ ဗိုလ်ချုပ်လမ်းပေါ်အတက်မှာ ရှေ့ကလူတွေကို ရိုက်ပြီးဖမ်းတာ၊ ကိုဝင်းနိုင်ကတော့ တော်တော်ခံရတယ်´ဟု ပြည်ဒေသခံတစ်ဦးကပြောသည်။

`ရုံးတင်မယ်လို့ပြောတယ်၊ အခုတော့ လူ့အခွင့်အရေးက ဦးမြင့်အေးနဲ့ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ် တွေ ညိုနေကြတယ်။ လူတော်တော်များများကတော့ ထောင်နားမှာ ရောက်နေကြတယ်´ဟု ပြည်အကျဉ်းထောင်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

ပြည်မြို့တွင် လျှပ်စစ်မီးမှာ လွန်ခဲ့သောနှစ်ပတ်ကျော်မှစ၍ တစ်နေ့လျှင် ခြောက်နာရီသာရသဖြင့် မေလ ၂၂ရက် ညမှစ၍ ဒေသခံများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
`လူနေရပ်ကွက်သာ မီးမလာတာ၊ အရက်ချက်စက်ရုံတို့၊ ရေခဲစက်တို့ကျတော့ တစ်ခါမှ မီးမပျက်ဘူး´ဟု ပြည် ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် နည်းဥပဒေမထွက်သေးသဖြင့် ဆန္ဒပြသူများအား ထောင်ဒဏ်တစ်နှစ်ချနိုင်ကြောင်း လွှတ်တော်ကိုစားလှယ်လည်းဖြစ် ရှေ့နေလည်းဖြစ်သည့် ဦးသိန်းညွန့် ကပြောသည်။

Wednesday, May 23, 2012

breaking news:ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို နှစ်ပတ်အတွင်း ၂၄နာရီ လျှပ်စစ်မီး ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

Gov man run the blackmail website from behind

 Government man may run this website http://www.myanmarexpress.net/
 Can't make 100% trust on Gov. Should we or not??

Latest news 5/24

မီး မရှိ တဲ့  ပြသနာ ကြီးထွား လာနေပြီ ။ အမတ် ၄၃ ယောက် ဘယ်ကို ရောက်နေသနည်း

 မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အထူသတင်းတပ်ဖွဲ့မှ လူဦးရေ ၅၀ထက်မနည်းကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရ

လျှပ်စစ်မီးမရရှိမှု ပြဿနာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် များပြားလာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သင့်

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ရန်ကုန်မြို့ပါဝင်လာပြီ






MYANMAR CID investigate JAPANESE businessman


အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုများ ပြုလုပ်သည်ဟူသော စွဲချက် ဖြင့် မေလ ၁၇ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၅ လပိုင်းအတွင်း ဂျပန်နိုင်ငံသား Mr. Namas e Motohiko  သည် ဗဟန်း မြို့နယ်နေသူသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင် လုပ်ကိုင်ခွင့် တင်ပြထားခြင်းမရှိဘဲ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင် ကုမ္ပဏီများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေနှင့် စိုက်ပျိုးမြေများကို ၀ယ်ယူ၍ ဈေးကစား ပြီး အမြတ်တင်ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ဝယ်ယူရောင်းချရာတွင် ၎င်းပိုင်ဂျပန်ယမ်းငွေနှင့် အမေရိကန်ဒေါ်လာငွေများကို တရားမ၀င် လဲလှယ်ရရှိသော မြန်မာကျပ်ငွေများဖြင့် လှိုင်သာယာမြို့နယ်၌ အိမ်၊ ခြံ၊ မြေသုံးကွက်၊ ဒလမြို့နယ် ၌နှစ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၌ စိုက်ပျိုး မြေ(၂၀ ဒသမ ၄၉)ဧက၊ တွံတေးမြို့ နယ်၌ ၂၀ ဧက၊ ကျောက်တန်းမြို့ နယ်၌ ၁၄ ဒသမ ၃ ဧကတို့လည်း ကောင်းဝယ်ယူခဲ့ကြောင်း၊ ၎င်းကိုအရေးယူပေးရန် စ/---၊ ဦးသန်းအေး၊ ဦးစီးအရာရှိ(စစစ) ရန်ကုန်တိုင်းဒေသကြီးမှ တရားလိုပြုလုပ် တိုင်တန်းမှုအား လှိုင်သာယာရဲစခန်း လ(ပ)၅၂၁/၀၁၂ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ဇ)ဖြင့် မေလ ၁၇ ရက်နေ့တွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ယခုဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ဂျပန်နိုင်ငံသားနှင့် လက်ထပ်ယူထားသူ မနန်းဝိုးဖန် (အသက် ၂၀  နှစ်)ကို ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ၎င်း ၀ယ်ယူထားသော မြေကွက်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
   ယင်းသို့စစ်ဆေးဆဲကာလ မတ် လ ၂၄ ရက်နေ့တွင် မနန်းဝိုးဖန် ရန်ကုန်တိုင်းဒေသကြီး အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့သေဆုံးမှုကို ကျောက်တံတားရဲစခန်းမှ သေမှုသေခင်း အမှတ် ၂၃/၂၀၁၂ ဖြစ်အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးခဲ့သူ မနန်းဝိုးဖန်၏ရှေ့နေဖြစ်သူ တရားရုံးချုပ်ရှေ့နေ ဒေါ်နန်းထွေးမှုံ  က “နန်းဝိုးဖန်က အလုပ်လုပ်ချင်တယ်လို့ပြောတော့ ဂျပန်နိုင်ငံသားက ထိုင်းနဲ့ ဂျပန်နိုင်ငံမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပဲ လုပ်တယ်။ ဒါ နဲ့နောက်နေ့မှာ သူတို့နှစ်ယောက် ဗိုလ်ချုပ်ဈေး သွားလည်တဲ့အခါမှာ ဂျပန်နိုင်ငံသားက ဂျပန်စကားပြောတတ်သူတစ်ဦးနဲ့ ခင်ခဲ့တယ်။ ဒါနဲ့ ရန်ကုန်မှာ အိမ်ခြံမြေအကျိုးဆောင် လုပ်ဖို့အတွက် မေးမြန်းဖြစ်ခဲ့တယ်။ အဲဒီအခါမှာ ဂျပန်စကားတတ်သူက သူ့အစ်ကိုဖြစ်တဲ့ ဦးကိုကိုဆိုသူနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ပြီးတော့လှိုင်သာယာမှာ နန်းဦးကုမ္ပဏီနာမည်နဲ့ ဖွင့်လှစ်ပြီးတော့ အိမ်ခြံမြေလုပ်ငန်းကို လုပ်ခဲ့ပါတယ်။ ၀ယ်ယူခဲ့တဲ့ အိမ်ခြံမြေတွေကလည်း ကောင်မလေးနာမည် နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ကနေ ၂၀၁၁ အထိ ဘာအကြောင်း ပြဿနာမှမတက်ခဲ့ဘူး။ ဒါပေမယ့် ဦးကိုကိုဆိုသူက မြေကွက်တွေကို လိုက်ဝယ်တဲ့အခါမှာ တန်ဖိုးသိန်း ၇၀၀ နဲ့ ရောင်းတဲ့မြေကွက်ကို သိန်း ၁၂၀၀ နဲ့ ၀ယ်လိုက်တယ်ဆိုပြီးတော့ ပြောပြီးဝယ်တယ်။ ဒီလို တဖြည်းဖြည်း မသမာမှုတွေ ပြုလုပ်လာလို့ မနန်းဝိုးဖန်းက အလုပ်ထုတ်လိုက်တယ်။ ပြီးတော့ ဦးကိုကိုက သတင်းစာထဲမှာ ဒီမြေကွက်တွေက သူတစ်စု ပိုင်တယ်ဆိုပြီး ပြောလာတယ်။ ဒါနဲ့ မနန်းဝိုးဖန်ကပြန်ပြီးတော့ ဥပဒေ အကြောင်းအရ ပုဒ်မ ၄၂၀/၄၀၆ နဲ့ပြန်ရှင်းတဲ့အခါမှာ အဲဒီဦးကိုကိုက တိမ်းရှောင်သွားပါတယ်။ ပြီးတော့ အဲဒါကို မကျေနပ်လို့ ဂျပန်နိုင်ငံသားက မနန်းဝိုးဖန်ကိုနာမည်ခံခိုင်းပြီး မြေကွက်တွေ ၀ယ်ဈေးကစားနေတယ်လို့ တိုင်ပါတယ်”ဟု မနန်းဝိုးဖန်၏ အိမ်ခြေမြေ အကျိုးဆောင်လုပ်ငန်းတွင် ရှေ့နေဖြစ်သူ မအိအိအောင် ၏ပြောပြချက်ကို  ပြန်ပြောပြခဲ့သည်။


“ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ ပြန်ထောက်ပြီးတော့ ရင်ဆိုင်သွားမယ်။ သေဆုံးသွားသူရဲ့ မိဘတွေအနေနဲ့ သမီးလည်း သေဆုံးရတယ်။ အဖြစ် အမှန်ဖြစ်ဖို့အတွက် အမှုကိုလည်း ဖွင့်ခွင့်မပေးဘူး။ ပိုင်ဆိုင်တဲ့မြေကွက် တွေလည်း ပြန်မရဘူးဆိုရင် မိသားစုတွေအနေနဲ့ နစ်နာမှုကြီး သုံးခုဖြစ် သွားလိမ့်မယ်။ အဲဒါတွေကို ကျွန်မ အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မနန်းဝိုးဖန် သေဆုံးသည့်ကိစ္စ နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က “စ.စ.စရုံး ငါးထပ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကို တင်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်အနေနဲ့ တရားစီရင်ရေးက ဘယ်လိုဆုံးဖြတ်မယ်။ ဘယ်လိုယူဆမလဲ၊ ဘယ်လို ထွက်ဆိုမလဲဆိုတာကို စောင့်ကြည့်နေမယ်။ ဆုံးဖြတ်တာ မမျှတဘူးဆိုရင် လွှတ်တော်ကနေတစ်ဆင့် ပြောသွားမယ်။ အသက်ရှင်နေတဲ့ ဥပဒေတွေကိုလေးစားရမယ်။ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲရမယ့် ဥပဒေတွေကို ပြင်ဆင်ဖို့ တင်ပြသွားပါမယ်”ဟု ပြောပါသည်။
မနန်းဝိုးဖန်သေဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျောက်တံတားရဲစခန်း တွင် အမှုဖွင့်ခွင့်ရရန်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံသို့လည်းကောင်း၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံသို့ ထပ်မံတင်ပြထားကြောင်း လတ်တလောတွင် အမှုဖွင့်ခွင့်မရသေးကြောင်း သေဆုံးသူ၏ ရှေ့နေဖြစ်သူက ပြောပါသည်။
မနန်းဝိုးဖန်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပြောကြားမှု တစ်ခုကို မတ်လ ၂၈ ရက်နေ့ညနေပိုင်းက ရန်ကုန် မြို့တွင်ပြုလုပ်ခဲ့သည်။ အဆိုပါရှင်း လင်းပွဲတွင် မနန်းဝိုးဖန်၏ဖခင် ဦးအိုက်ခန်းက “သမီးနဲ့ဂျပန်နိုင်ငံသား တို့က ရှမ်းရိုးရာနဲ့ တရားဝင် လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက် နေ့ နံနက် ၈ နာရီလောက်မှာ သမီး နေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ)လုံးက အကြောင်းကြားတယ်။ ည ၇ နာရီလောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရတော့ဘူး။ သမီးသေဆုံးရတဲ့ အကြောင်းအရင်း အမှန်အကန်ကို သိချင်ပါတယ်။ အပြစ်ရှိတဲ့ သူတွေရှိခဲ့ရင် အမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာဌာန တွေ ကူညီပေးပါလို့ တောင်းဆိုပါတယ်”ဟု ပြောကြားခဲ့သည်။
သေဆုံးသွားခဲ့သူ မနန်းဝိုးဖန် ၏ ဖြစ်စဉ်ကို ကျောက်တံတားမြို့ နယ်တရားသူကြီး ဦးဝင်းဇော်ညွန့် က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား  Mr. Namas e Motohiko  အား ၎င်း၏ ဆောင် ရွက်မှုများသည် မြေကွက်ဈေးများ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ယုံကြည်မှုများ ပျက်ပြားစေသည့်အပြင် အစိုးရ ၏ ဘဏ္ဍာရေး ဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှု တို့ကိုထိခိုက်စေရန် ကြံရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းကိုအရေးယူပေးရန် ဦးသန်းအေး (ဦးစီးအရာရှိ၊ စ.စ.စ) တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ငွေရပေါက်ရလမ်း မဖော်ပြနိုင်ရင် ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရုံပါ ပဲ။ တရားမ၀င် ငွေလွှဲတာတို့၊ တရား မ၀င်တဲ့ ဟွန်ဒီတို့ဆိုတာ အရင်ခေတ်မှာပဲ ရှိသင့်တာပါ။ ရန်ကုန်မှာ သိန်းပေါင်း ၅၀၀၀၀ ကနေ ၁၀၀၀၀၀၀ အထက် မြေကွက်ကြီးတွေကို ပိုင်ဆိုင်လွှဲပြောင်း၊ ပွဲစားလုပ်နေတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းတာမျိုး မကြားမိပါဘူး။ ဥပဒေက အဆင့်အတန်းနှစ်မျိုး (Double standard)  မရှိသင့်ပါဘူး။ ဂျပန်မီဒီယာတွေမှာ ဒီအကြောင်း အကျယ်တ၀င့်ပါလာလို့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်လာရင်တော့ အမှန်တရားတွေ ပေါ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေ စိတ်ပျက်စရာ တရားစီရင်ရေးအတွက် ထောက်ပြချက်တွေ ရှိလာမယ်ဆိုရင် နိုင်ငံအတွက် နစ်နာစရာ ဖြစ်လာနိုင်ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။