Powered By Blogger

Saturday, December 29, 2012

ရှမ်းပြည်နယ် အင်းလေးကန်စပ်မှာ ဟော်တယ်ဇုံ တည်ဆောက်ဖို့ သိမ်းယူမယ့် လယ်မြေတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးမယ်လို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်က ခုလ ၂၅ ရက်နေ့မှာ အကြောင်းကြားလာကြောင်း အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ရှမ်းပြည်နယ် အင်းလေးကန်မှာ လိုအပ်ချက်အရ ဟော်တယ်ဇုံတစ်ခု ဖော်ထုတ်ဖို့ တင်ပြတာကို သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့တာကြောင့် စီမံကိန်း အတွက် လယ် ၆၂၂ ဧက ကိုသိမ်းပြီး လမ်းဖေါက်တာ မြေကွက်ဖော်တာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေပေမယ့် သက်ဆိုင်ရာလယ်ပိုင်ရှင်တွေကို အကြောင်းကြားတာ၊ လျော်ကြေးပေးတာ မရှိသေးတဲ့အတွက် လယ်ပိုင်ရှင်တွေ စိုးရိမ်ပူပန်မှု ရှိနေတာကြောင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က ခုလို အကြောင်းကြား ကတိပေးခဲ့တာ ဖြစ်ပါတယ်။