Powered By Blogger

Sunday, July 8, 2012

ဒုဗိုလ်ချုပ်မှူးကြီးဟောင်း စင်္ကာပူသို့ သွားရောက် ဆေးကုသမည်


ရန်ကုန်၊ ဇူလိုင် ၉
ရုတ်တရက် နာမကျန်းဖြစ်မှုကြောင့် တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးသည် သတိ ပြန်လည် ရရှိလာပြီ ဖြစ်ပြီး စင်္ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသ ခံယူမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။
ဒုတိယ ဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးမှာ ရုတ်တရက် လေဖြတ်သွားခြင်းဖြစ်ပြီး လတ်တလောတွင် မျက်နှာ အနေအထား ပုံမှန် မဖြစ်သေးသည်သာ ကျန်တော့ကြောင်း သတိကောင်းကောင်း ပြန်ရနေပြီး အခြေအနေ ကောင်းမွန်နေကြောင်း မကြာခင် စင်္ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ ဆက်လက်စုံစမ်းသိရှိရသည်။
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယ ဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် နာမကျန်းဖြစ်ပြီး တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သတိပြန်လည် ရရှိလာခြင်း ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။
ဒုတိယ ဗိုလ်ချူပ်မှူးကြီး မောင်အေးသည် စစ်တက္ကသိုလ်(DSA) အပတ်စဉ် ၁ သင်တန်းဆင်းဖြစ်ပြီး၊ အသက် ၇၄ ခန့်ရှိပြီ ဖြစ်သည်။

No comments:

Post a Comment