Powered By Blogger

Thursday, July 12, 2012

ပြည်သူ့လွှတ်တော်မှ ၎င်းအဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ် ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးကို ရွေးချယ်

ပြည်ထောင်စု လွှတ်တော် နာယက၏ အကြောင်းကြားချက်အရ ‘ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့’ ကို ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အပါအ၀င် အဖွဲ့ဝင်ကိုယ်စားလှယ် ၃ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအဖွဲ့သည် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့မှ ရွေးချယ်တင်မြှောက်ထားသူမှာ အရည်အချင်းနှင့် ပြည့်စုံခြင်းရှိမရှိ စိစစ်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော်မှ ၎င်းအဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ် ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးကို ရွေးချယ်လိုက်ကြောင်း သိရသည်။

No comments:

Post a Comment