Powered By Blogger

Monday, February 20, 2012

ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။
အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်”
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဦးဂမ္ဘီရကို အရေးယူမယ် တဲ့

ဦးဂမ္ဘီရကို အရေးယူမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

ရဟန်းနဲ့မအပ်စပ်တဲ့ နိုင်ငံရေးမှိုင်းမိပြီး ထင်ရာစိုင်းနေတယ် လို့ ရေးသားထားပြီး ဦးဂမ္ဘီရကို ဥပဒေများနဲ့အညီ "ထိထိရောက်ရောက်" အရေးယူမယ် လို့ သတင်းမှာ ဆိုထားပါတယ်။

ဦးဂမ္ဘီရက မဟန အဖွဲ့ကို လျှောက်ထားချက်များနဲ့ ပတ်သက်ပြီးတော့လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖျာပုံ မဲဆန္ဒနယ်မဲဆွယ်ခရီး ရုပ်/သံ

သတင်းစာ ဘယ်လိုဖြန့်မလဲ

တိုင်းမှူး
ရန်ကုန်တိုင်းစစ်ဌာနချုပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြ၀တီသတင်းစာတိုက်မှ သတင်းစာများအား ဗိုလ်ကြီး ဗိုလ်သော်ဦး ဦးစီးပြီး မြို့နယ် အသီးသီးသို့ ဌာနဆိုင်ရာများမှ တဆင့် မယူမနေရ ဖြန့်ဝေခိုင်းနေကြပါသည်။

တပ်မတော်နှင့်ပြည်သူလည်း အထင်လွဲစရာ ဖြစ်နေခြင်း၊ မိမိနှစ်သက်သည့် ဂျာနယ်၊ သတင်းစာ ဖတ်ရှုနိုင်သည့် ခေတ်ကြီးတွင် အတင်း အဓမ္မ လိုက်လံဖြန့်ဖြူးနေခြင်းအား လူကြီးများ တားမြစ်ပေးပါရန် တင်ပြ တိုင်ကြားပါသည်။

ပြည်သူ့ခေတ်၊ ပြည်သူ့အသံအား ကြားနိုင်ပါစေ...............

မြို့တော်သူ/မြို့တော်သားများ

VILLAIN IS VILLAIN.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လက်ရှိအနေအထားအရ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ရန် ခဲယဉ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောကြား 




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် လက်ရှိတွင် မဲဆွယ်စည်းရုံးရေး ကိစ္စများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲကို နံနက်၁၁ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိနာယက ဦးတင်ဦးက "ဒီနေ့ကြွရောက်လာကြတဲ့ ပြည်တွင်းက သတင်းစာကိုယ်စားလှယ် သတင်းထောက်များနှင့်တကွ ပြည်ပသတင်းစာ ကိုယ်စားလှယ် သတင်းထောက်များကို ဖိတ်ကြားရခြင်း အကြောင်းက ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ရွေးကောက်ပွဲမှာ အဓိက အောင်မြင်ရာ အောင်မြင်ကြောင်း လုံးပမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းရုံးရေးတွေ ဆင်းနေရတယ်။ ဆက်လက်ပြီးတော့ အောက်ပြည်အောက်နယ်မှာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့က ပြည်သူများကို ကျွန်တော်တို့အဖွဲ့မှာ ပါဝင်တဲ့ကိုယ်စားလှယ်များ၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များအားလုံး အောင်မြင်ရမယ်ဆိုတဲ့ အနေနဲ့ စည်းရုံးရေးဆင်းတဲ့ လုပ်ငန်းတွေ လုပ်နေပါပြီ"ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကိစ္စအ၀၀ကို သဘာပတိအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဥပဒေပညာရှင် ဦးဥာဏ်ဝင်းအား တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သဘာပတိအဖွဲ့နာယက ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပထမဦးဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးတို့ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာနယ်ဇင်းမှ မေးမြန်းချက်များကို မဲဆွယ်စည်းရုံးရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မကို အဖွားကြီးလို့ခေါ်တာ လက်ခံပါတယ်"ဟု နိုင်ငံရေးပါတီတစ်ခု၏ ပြောကြားချက်အပေါ် မှတ်ချက်ပြုခဲ့ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းများကို ၀န်ကြီးဌာနက ၀င်ရောက်စွက်ဖက်ခွင့် ပြုထားပါက ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်တရား မျှတမှုရှိနိုင်ရန် ခဲယဉ်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးဉာဏ်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သတင်းစာ ရှင်းလင်းပွဲတွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံနေရသော အတားအဆီးများ၊ အခက်အခဲများနှင့် ပတ်သက်၍ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လှည်းကူးမြို့နယ်၌ လူထုစည်းရုံး ဟောပြောပွဲပြုလုပ်ရန် အတွက် ဘောလုံးကွင်းကို တောင်းခံခဲ့ရာ ကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးတင့်ဆန်းက တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရာ ဘောလုံးကွင်းအတွင်း ဟောပြောခွင့် ပြန်လည် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့် အားကစားကွင်းတွင်မှ ဟောပြောစည်းရုံးမှုပြုလုပ်ရန် တားမြစ်ခြင်း၊ မြစ်ကြီးနား ခရီးစဉ်ကို လုံခြုံရေးအရဟုဆိုကာ တားမြစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ကိုယ်စားလှယ်လောင်းအမည် မထွက်ရှိသေးသဖြင့် ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးကို တားမြစ်ထားကြောင်းနှင့် ထိုသို့တားမြစ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း၊ ပါတီအချို့မှာ မဲဝယ်မှုများရှိနေကြောင်း၊ ထိုသို့ အကြောင်းများကြောင့် ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာရန် ခဲယဉ်းကြောင်း ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

''ကျုပ်တို့ တရားမျှတအောင် လုပ်တာပဲလို့ ပြောတာက လုံလောက်တဲ့ ဖြေရှင်းချက် မဟုတ်ဘူး။  ပြည်သူအများက ကြည့်ပြီးတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတတာပဲလို့ မြင်အောင်လုပ်ပြနိုင်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲပါ။ အဲဒီတော့ တင်ပြချင်တဲ့ အဓိကအချက်ကတော့ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် အန္တရာယ်တွေ အများကြီး ရှိနေတယ်။ လက်ရှိအတိုင်းပဲဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ ခဲယဉ်းမယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲ  ထပ်လောင်း ပြောချင်ပါတယ်''ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် အားကစားကွင်းများတွင် လူထုဟောပြောပွဲများ မပြုလုပ်ရဆိုသည့် ကြေညာချက်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနက ကော်မရှင်၏ လုပ်ငန်းကို ၀င်စွက်သည့် သဘောရောက်ကြောင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်းလည်း သိရသည်။ ထို့အပြင် ကန့်ကွက်စာများကို အဖြေမထုတ်နိုင်လျှင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု မဆိုနိုင်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

''ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက  ရွေးကောက်ပွဲမှာ အဓိကအဖွဲ့အစည်းပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေကို ၀န်ကြီးဌာနက ၀င်ရောက်စွက်ဖက်ခွင့်ပြုထားရင် တရားမျှတမှု မရှိနိုင်ပါဘူးလို့။ တရားမျှတမှုဖြစ်ဖို့ ခဲယဉ်းတယ်လို့ ကျွန်တော် ဒီလိုဆိုလိုတာပါ။ တကယ်က ရွေးကောက်ပွဲ ကော်မရှင်သည် Independent body ပါ။ အလုပ်အကိုင် တွေကို Independent မဖြစ်တာကို ကျွန်တော် အားမရဖြစ်တာပါ''ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုခြင်းမှာ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းကိုသာ ဦးတည်ပြောဆိုခြင်း ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။


Credit: EMG

Sunday, February 12, 2012

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ မဂ္ဂင်ကျောင်းသို့ ပြန်လည်ရောက်ရှိ

ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းတွင် ခေတ္တသီတင်းသုံး နေထိုင်နေသည့် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာပိုင်များမှ ခေါ်ဆောင်သွားခဲ့ရာ ယနေ့ည ၈ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိလာပြီး ယခုအခါ မဂ္ဂင်ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးနေပြီဖြစ်ကြောင်း သိရှိရသည်။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကိုမူ မသိရှိရသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု ခရိုင်ကော်မရှင် ပယ်ချ

ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆိုကာ ကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင် ကော်မရှင်ရုံးက ဇန်နဝါရီ(၁၁)ရက်နေ့က ပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှ သိရသည်။

ထိုသို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာအား ပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဇန်နဝါရီလ ဒုတိယပတ်တွင် အယူခံတင်သွားမည်ဖြစ်ကြောင်း ကန့်ကွက်လွှာ ပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။

''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မရှင်ကို အယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ ဗဟိုကို တက်မယ်။ ဗဟိုက ပယ်ရင် လွှတ်တော်တင်မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်'' ဟု ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဆိုသည်။

''ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေနဲ့တော့ ပြည် သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေမှာ ပါတဲ့ အတိုင်းပဲ လွတ်လပ်စွာပဲ ဆုံးဖြတ်ခဲ့တယ်။ နောက် တည်ဆဲဥပဒေတွေကိုလည်း ကိုးကားပြီး စိစစ်ပေးခဲ့တယ်။ လက်ခံသင့်တာ လက်ခံ၊ ပယ်သင့်တာပဲ ခဲ့တယ်။ ကျွန် တော်တို့အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေအပိုဒ်-၂၈(က)အရ ဆောင်ရွက်ခဲ့ပါတယ်'' ဟု တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူက ဆိုသည်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာအားတောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်တည်ဆဲဥပဒေ ဖြစ်သော စကားရပ် များအား အစားထိုးခြင်းဥပဒေ (၁၉၇၃)စသည့်ဥပဒေများကိုအခြေခံကာ စိစစ် သုံးသပ် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်မှုတွင် ကန့်ကွက်ခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းကလည်း ဇန်နဝါရီ(၉)ရက်နေ့က ချေပလွှာ ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။

ထုကန့်ကွက်လွှာ၊ ချေပလွှာများကို ခရိုင်ကော်မရှင် အဖွဲ့ခွဲက သုံးကြိမ်တိုင် သေချာစိစစ်ကာ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၁၂၁၊ ပုဒ်မခွဲ(င)၊ (စ)၊ (ဆ) အရ လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀၊ ပုဒ်မခွဲ(စ)၊ (ဆ)၊ (ဇ)၊ (ဍ) အရ လည်းကောင်း၊ ၂၀၁ဝပြည့်နှစ် နိုင်ငံရေးပါ တီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၄၊ ပုဒ်ခွဲ(စ)၊ ပုဒ်မ-၁၀၊ ပုဒ်ခွဲ(စ)အရ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းဦးတင်ရီက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မြန်မာတစ် ပြည်လုံးရှိ လစ်လပ်(၄၈)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခြယ်ခံ ကြမည့် ကိုယ်စား လှယ်လောင်းများ၏ အမည် စာရင်းကို မကြာမီ ထုတ်ပြန် ကြေညာတော့မည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊
ညီညွှတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီမှ ဦးတင်ရီနှင့်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဦးစိုး မင်းတို့က ဝင်ရောက် ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

ညွှန်း - http://www.yangonmedia.com/news/2012/02/nld-political-party-and-peace-and-unity-party-commission-dismiss တွင် ဝေမာသိမ့် ရေးသည့် သတင်း

JAPANESE VISITOR HIT BURMESE HOTEL EMPLOYEE IN CAPITAL.


ရန်ကုန်က ဟိုတယ်တခုမှာ ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား ပြည်နှင်ဒဏ်ပေးခံရတယ်လို့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြနေကြပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့က ပေါ်ပေါက်ခဲ့တဲ့ဟိုတယ်ဝန်ထမ်းအမျိုးသမီး ပါးရိုက်ခံရခြင်း
ဖြစ်ရပ် မှတ်တမ်းဓာတ်ပုံတချို့ ဖေ့စ်ဘုတ်မှာ လက်ဆင့်ကမ်းဖြန့်ဝေပုနေပါပြီ။


Sunday, February 5, 2012

how can we believe our goverment??????

မြန်မာနိုင်ငံမှာ သူ့လောက် ဘယ်သူမှ မသိဘူးဆိုတဲ့ လျှပ်စစ်ဝန် ဦးဇော်မင်း (ဓာတ်ပုံ - EMG)
(ဖေ့စ်ဘုတ်ကနေ ယူလာပါတယ်)

စနေနေ့၊ ဖေဖော်ဝါရီလ ၄၊ ၂၀၁၂

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတစ်ဦးပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ၊ ပြည်သူကို နားလည့်ပါးလှည့် လုပ် စီးပွါးရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။

(၁၅-၁၂-၁၁) နေ့မှာလျှပ်စစ်(၁)၊ အေးရှားဝါးနဲ့စီပီအိုင် (တရုပ်) တို့ ချီဖွေစီမံကိန်းကို ဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ (၁၅-၁၂-၁၁) ညနေ (၇) နာရီမှာဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးက သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။ (၁၆-၁၂-၁၁) နေ့မှာ ဒုသမ္မတ (၁) နဲ့ ဒီစီမံကိန်းကိစ္စကို တစ်နေ့လုံးအကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ပြည်သူတွေကို လုံးဝချမပြပါဘူး၊ သတင်းစာမှာလည်း မဖေါ်ပြပါဘူး၊ ကျွန်တော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး၊ ငါသိတယ် ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။

တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး ။ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက (၁) ခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညှာ ထားတာပါ။ မြစ်ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာ မေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းထဲက တစ်ခုဖြစ်တဲ့မြစ်ဆုံ စီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို ကျန် (၆) ထဲခွဲထည့်လို့ ငွေစာရင်း အရပြောင်းသွားတာဘဲ ကွာပါတယ်။ ပြည်သူသိသွားလည်းမြစ်ဆုံကို လုပ်တာမဟုတ်ဘူး ချီဖွေကိုလုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင်တယ်။

သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကိုလုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုပ်ကသိမ်းမှာဘဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁တို့ မိသားစုကော်မရှင်ရကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာဘဲ အဖတ်တင်မယ်။ သမ္မတကြီးကိုပြောပေးပါ ဒီကိစ္စပွင့် လင်းစွာပြည်သူကို ချပြပေးစေလိုပါတယ်။

ကျွန်တော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက် တတ်အောင်လေ့ကျင့် ပျိုးထောင် ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။
:irrawady

LIE!!!!!!!!!!!!!!!!!!!!!

ဒီမိုကရေစီရပြီလား???

မောင်ဝံသ
ရန်ကုန်မြို့ တာမွေ မဟာသန္တိသုခကျောင်းတိုက်မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉၄ နှစ် မွေးနေ့အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ကျွန်တော် သွားရောက်ခဲ့တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဆရာဟာ အရွယ်ရောက်လူလားမြောက်ချိန်ကစလို့ အခုအထိ ပြည်သူတွေဘက်က တစ်သမတ်တည်း ရပ်တည်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ စာပေမျက်နှာစာမှာ ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့သူဖြစ်တာကြောင့် ဆရာ့ရဲ့မွေးနေ့ကြိုဧည့်ခံပွဲ အခမ်းအနားဟာ တက်ရောက် ဂါရ၀ပြုသူ ဧည့်ပရိသတ်တွေ ပျားပန်းခတ် မျှ ကြက်ပျံမကျလို့ ဆိုရလောက်အောင် အထူးကို စည်ကားသိုက်မြိုက်လှပါတယ်ဗျာ။ အလွန်မှ ၀မ်းသာကြည်နူးဖွယ် ဖြစ်ပါတယ်။

အဲဒီပွဲမှာ မတွေ့ရတာအတန်ကြာပြီဖြစ်တဲ့ နိုင်ငံရေးစိတ်ဝင်စားသူ စာပေမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ``ဘယ့်နှယ်လဲ။ ကျွန်တော် တို့ နိုင်ငံမှာ ဒီမိုကရေစီ ရပြီလားဗျ´´ လို့ မေးလိုက်တယ်ဗျ။ သူရဲ့ ပြုံးတုံ့တုံ့ မျက်နှာကို ကြည့်ပြီး သူ ပြောချင်တဲ့စကား အသွားအလာကို ရိပ်မိလိုက်ပေမယ့် ဒီလိုနေရာမျိုးမှာ လေးနက်တဲ့အကြောင်းအရာမျိုး ဆွေးနွေးဖို့ မသင့်ဘူးလို့ ယူဆတာနဲ့ ``အိမ်ကို အေးအေးဆေးဆေး လာခဲ့ဗျာ။ အဲဒီတော့မှ အားရပါးရပြောပြတာပေါ့´´ လို့ ပြောလိုက်ပါတယ်။


စကားဝိုင်းလေးရဲ့ အနှစ်ချုပ်

နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဲဒီမိတ်ဆွေ ကျွန်တော့်အိမ်ရောက်လာတယ်ဗျ။ သူနဲ့အတူ သူ့မိတ်ဆွေတစ်ယောက်လည်း ပါလာတယ်။ သူက မိတ်ဆက်ပေးလို့ အဲဒီသူ့မိတ်ဆွေဟာလည်း နိုင်ငံကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ဖူး ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရတယ်ဗျ။ ဘာသာစကားတူသူချင်းဆိုတော့ ပြောကြ ဆိုကြရင်း မကြာခင် အဖွဲ့ကျသွားပြီး ကျွန်တော် တို့စကားဝိုင်းဟာ ထက်သန်တက်ကြွ အားရပါးရရှိလှတဲ့ စကားဝိုင်းတစ်ခုဖြစ်သွားခဲ့တယ်ဗျ။ ဆရာဒဂုန်တာရာရဲ့ မွေးနေ့အကြိုပွဲမှာ ကျွန်တော့် မိတ်ဆွေ ကျွန်တော့်ကို မေးခဲ့တဲ့ ``ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီရပြီလားဗျ´´ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးယောက် ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြတဲ့ အဲဒီနေ့ကစကားဝိုင်းလေးရဲ့ အနှစ်ချုပ်ကို ကျွန်တော် ပြန်ပြီး ဖောက်သည်ချချင်တယ်ဗျ။


ရှုမြင်သုံးသပ်ချက်

မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ ဆိုရမယ့် အသိုင်းအ၀ိုင်းအကြားမှာ သမ္မတဦးသိန်းစိန်ရဲ့ ရာထူးလက်ခံမိန့်ခွန်း ထွက်ပေါ် လာခြင်း မရှိခင်အထိ အစိုးရနဲ့ ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင်သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ထွက်လာမယ့် အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင် စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲရေးကို (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီပုံသဏ္ဌာန်တစ်မျိုးနဲ့ ကြိုးပမ်းလုပ် ဆောင်သွားမယ့် အစိုးရဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက် ဖြစ်တယ်ဗျ။



၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီပေါ်ထွက်လာခဲ့တဲ့ ၁/၉၀ ကြေညာချက်အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံအလယ်၊ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပခဲ့ပုံအဆုံး အမှန်တကယ် တည်ရှိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာ ပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာဖြစ်တယ်ဗျ။ အဆိုးမြင် ၀ါဒီတွေရဲ့ လောကအမြင်လို့ ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့်လာနေတဲ့ကာလမှာ အစိုးရနဲ့ သဘောထားကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း ဘယ်လိုရှိတတ်တယ်ဆိုတာ လက်ရှိအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေအပါအ၀င် စိတ်ဝင်စားသူတွေ လေ့လာအကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မချွင်းမချန် တင်ပြနေတာပဲဖြစ်တယ်ဗျာ။

သမ္မတ ရာထူးလက်ခံမိန့်ခွန်းနဲ့ အဲဒီနောက် ဆက်တိုက်လိုလို လိုက်ပါလာတဲ့ မြန်မာပြည်သူတွေကိုရော နိုင်ငံတကာ အသိုင်း အ၀ိုင်းကိုပါ အံ့သြမှင်တက်မိသွားစေခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာချိန်မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အသိုင်းအ၀ိုင်းအကြား အစိုးရနဲ့ပတ်သက်ပြီး ရှုမြင်သုံးသပ်ပုံ နောက်ထပ် ၃ မျိုး ပေါ်ထွက်လာခဲ့ပြန်တယ်ဗျ။


မဟာသေနင်္ဂဗျူဟာလား

ပထမတစ်မျိုးက အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေး ကြီးမားတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေပေးပြီး ကြိုးပမ်းတဲ့ မဟာသေနင်္ဂဗျူဟာ}(grand strategy) တစ်ခုကို ချမှတ်ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံဖြစ်တယ်ဗျ။


နွေဦးကို ရှောင်ဖို့လား

ဒုတိယတစ်ခုက အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်တွေကို ``အာရပ်နွေဦး´´ နဲ့ ဆက်စပ်စဉ်းစားတာဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီလေပြင်းကို စိုးရိမ်ပူပန်မှုအပေါ် အခြေခံပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင် ပြုလုပ်ခဲ့တာ ဖြစ်မလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံဖြစ်တယ်ဗျ။


မြန်မြန်လား နှေးနှေးလား

တတိယရှုမြင်သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အားလုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့်အရှိဆုံးနေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ ဒီနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကိုလုပ်ရတော့မယ်ဆိုတာကို သဘောပေါက်နားလည်လက်ခံကြသူတွေ ဖြစ်တယ်။ ကမ္ဘာကြီး တူရူပြုနေတဲ့လမ်းကြောင်းကို ကောင်းကောင်း ကြီး ဆ၀ါးမိကြသူတွေဖြစ်တယ်။ ဒါကြောင့် အခု အဲဒီခေါင်းဆောင်တွေ ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ စစ်မှန် တဲ့ အပြောင်းအလဲတွေသာဖြစ်တယ်။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွရဲ့ ခေါင်းထဲမှာ ရှိနေတာ ``ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလား´´ ဆိုတဲ့ ပြဿနာမဟုတ်တော့ဘူး။ ``ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်လုပ်မလား၊ နှေးနှေးလုပ်မလား´´ ဆိုတဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်တယ်ဗျ။


ရှော့သုံးခုနဲ့ ဖျံကြောင်ငါး

ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတရာထူးလက်ခံမိန့်ခွန်း ထွက်ပေါ်လာခဲ့အပြီး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီး၊

ယုံကြည်ချက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြအပြီး၊

ဧရာဝတီစီမံကိန်း ရပ်ဆိုင်းခဲ့အပြီးမှာတောင်မှ

အစိုးရရဲ့ ပြောဆိုပြုမူပုံ တချို့က အဲဒီရှုမြင်စဉ်းစားပုံ ၃မျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့်ပေးနေခဲ့သေးတာ ဖြစ်တယ်ဗျ။ အဲဒီအခြေအနေတွေ ကြောင့်လည်း ကျွန်တော် အပါအ၀င် နိုင်ငံရေးဝေဖန်သူအများအပြားကရော လွှတ်တော်တွင်း လွှတ်တော်ပက နိုင်ငံရေးသမားအများအပြားကပါ အစိုးရနဲ့ပတ်သက်ပြီး ``ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး´´ အတွေးတွေဝင်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။ (ရှော့သုံးခုနဲ့ ဖျံကြောင်ငါး - Messenger ဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင် ပိုက်ထဲပါလာတော့ ဖျံကို မမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်းမဟုတ်၊ ငါးလည်းမဟုတ်၊ နင်ဘာကောင်လဲဝေ့လို့ မေးတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲဖြတ်လို့မရ ဖြစ်နေပုံ ရေးခဲ့တာဖြစ်ပါတယ်။)


အားလုံး အံ့သြ၀မ်းသာ

ဒါပေမယ့် တိတိကျကျ ပြောရရင် စတုတ္ထအကြိမ်အဖြစ် ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်ရပ်အပြီးမှာတော့ အစိုးရနဲ့ပတ်သက်ပြီး ပထမနဲ့ဒုတိယ ရှုမြင်သုံးသပ်ပုံတွေဟာ အတော်ကြီးကို မှေးမှိန်အားနည်းသွားခဲ့ပြီး တတိယရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီးဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ``အိုင်းအနာ´´ လိုဖြစ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကိစ္စကို ကြည့်ရင်လည်း နှစ်ပေါင်း ၆၀ ကာလအတွင်း မမြင်တွေ့ခဲ့ရဖူးတဲ့ အားတက်စရာမြင်ကွင်းတွေကို အားလုံးမြင်တွေ့နေကြရတာ အထင်အရှားဖြစ်တယ်ဗျာ။ ယုံကြည်ချက်အကျဉ်းသားနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ နိုင်ငံရဲ့သော့ချက်ကျ ကိစ္စနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့တိုးတက်မှုတွေကြောင့် ဒီမိုကရေစီလိုလားသူအားလုံး အံ့သြ၀မ်းသာဖြစ်နေကြတယ်ဗျာ။ ဒီအချက်က နိုင်ငံတကာရဲ့ တုံ့ပြန် မှုနဲ့ ပြည်တွင်းနယ်ပယ်ပေါင်းစုံက ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေမှာ ထင်ဟပ်နေတယ်ဗျာ။


လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ

ဒီတော့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားမယ့်လုပ်ငန်းမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ပြီလားလို့မေးရင် မဖြစ်သေးဘူးလို့ ဖြေရမှာဖြစ်ပေမယ့် ``ဒီမိုကရေစီရပြီလား´´ဆိုတဲ့မေးခွန်းကိုတော့ ``ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းမှန်ပေါ်မှာတော့ ရောက်နေပါပြီ´´လို့ ဖြေနိုင်လိမ့်မယ်ထင်တယ်ဗျ။



ဒီမိုကရေစီလိုလားသူများအနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံ နောက်ပြန်လိမ့်မသွားရေးအတွက်သာမက ငြိမ်းချမ်းစွာ ရှေ့ကို မြန်မြန်တိုးသွားနိုင်ရေးအတွက်ပါ အားသွန်ကြိုးပမ်းကြဖို့ တာဝန်ရှိကြောင်း နိဂုံးချုပ်ချက်နဲ့ ကျွန်တော်တို့စကားဝိုင်း အဆုံးသတ်ခဲ့ကြောင်းပါဗျာ။


၂၄၊ ၀၁၊ ၂၀၁၂
maungwuntha@gmail.com