Powered By Blogger

Saturday, December 29, 2012

ရှမ်းပြည်နယ် အင်းလေးကန်စပ်မှာ ဟော်တယ်ဇုံ တည်ဆောက်ဖို့ သိမ်းယူမယ့် လယ်မြေတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးမယ်လို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်က ခုလ ၂၅ ရက်နေ့မှာ အကြောင်းကြားလာကြောင်း အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ရှမ်းပြည်နယ် အင်းလေးကန်မှာ လိုအပ်ချက်အရ ဟော်တယ်ဇုံတစ်ခု ဖော်ထုတ်ဖို့ တင်ပြတာကို သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့တာကြောင့် စီမံကိန်း အတွက် လယ် ၆၂၂ ဧက ကိုသိမ်းပြီး လမ်းဖေါက်တာ မြေကွက်ဖော်တာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေပေမယ့် သက်ဆိုင်ရာလယ်ပိုင်ရှင်တွေကို အကြောင်းကြားတာ၊ လျော်ကြေးပေးတာ မရှိသေးတဲ့အတွက် လယ်ပိုင်ရှင်တွေ စိုးရိမ်ပူပန်မှု ရှိနေတာကြောင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က ခုလို အကြောင်းကြား ကတိပေးခဲ့တာ ဖြစ်ပါတယ်။

Sunday, October 28, 2012

အဖိနှိပ်ခံလူသားတို.၏အကြောင်းကို လူ.သမိုင်းက စိတ်ရှည်စွာ စောင်. ကြည်.နေသည်...

Tuesday, October 9, 2012

မြန်မာပြည် ရဲ့ MADE IN CHINA DEMOCRACY



မြန်မာပြည် ရဲ့ MADE IN CHINA DEMOCRACY

ဒီကနေ့ ကျွန်မရဲ့ အတွေးတွေ ထဲမှာ..မြန်မာ့ဒီမိုကရေစီအကြောင်းပြန်ပြောင်းစဉ်းစားမိပါလေရဲ့.....
ရာသီဥတုတွေကလဲ.....ဖောက်ပြန်နေတယ်ထင်ပါရဲ့.....မနေ့တနေ့ကမှ..နွေရာသီလိုပူ...
ခုကြပြန်တော့လဲ..သိကြားမင်းရေချိုးသလားအောက်မေ့ရတယ်...မုန်တိုင်းတွေနဲ့...ဂျပန်ပြည်ရယ်.......
              ဒါနဲ့...ပျင်းပျင်းရှိတာနဲ့..အတွေးနယ်ချဲ့ မိတော့..အကြေင်းကမြန်မာ့ဒီမိုကရေစီပဲပေါ့ .....
ကျွန်မတို့ငယ်ငယ်ကဆိုနေကြ..ဒါတို့ပြည်ဒါတို့မြေ...ဒို့ပိုင်တဲ့မြေ...ဒီလိုဇွဲနဲ့မာန်နဲ့...သူတပြန်ကိုယ်တလည့် ...
ဆိုခဲ့ကြတဲ့အချိန်က..ကျွန်မဆယ်ကျော်သက်..အဲ့ဒီအချိန်မှာ..နိုင်ငံရေးဆိုတာ..အထီးလားအမလားတောင်မသိခဲ့ကြရပါဘူး..
အဲဒါဟာကလဲကျွန်မတယောက်မဟုတ်ပဲ..ကျွန်မလိုတန်းတူရွယ်တူတွေ...အကုန်လုံးနီးပါးကြောက်တရားတွေ..စိုးမိုးမှန်းမသိအောင်..
စိုးမိုးခဲ့တယ်ထင်ပါရဲ့ .....ဘယ်အချိန်ကာလထဲကမှန်းမသိတဲ့ ....တသွေးတသန်တမိန့် ..တစ်အာဏာရှင်သန်လာတဲ့ ကျွန်မလို...
ဆယ်ကျော်သက်တွေအတွက်ပြန်တွေးမိတိုင်းစိတ်မကောင်းဖြစ်ရတယ်း.......ကျွန်မတို့ ရဲ့ အနာဂါတ်မျိုးဆတ်သစ်တွေကို...ခါးသီးလှတဲ့ ..
အဖြစ်အပျက်မျိုးတွေ..ဆက်မရှိစေချင်တော့တာကျွန်မရဲ့ ...အရိုးသားဆုံး...ဆန္ဒတစ်ဆုံပါ......

 အဲဒိအတွက်...ကျွန်မတို့တမျိုးသားလုံး....အသက် သွေး ချွှေး တွေ...နဲ့ရင်းပြီး....တရုတ်နိုင်ငံလုပ် ဒီမိုကရေစီ ကို..သိပ်မကြာတဲ့ အချိန်တစ်ခုကစပြီး  ကျနော်တို့မြန်မာဖြစ်သူပြည်သူများကို မိတ်ဆက်ဆက်ပေးလိုက်ပါရဲ့။...သိပ်ကိုလှပပြီး သိပ်ကိုအံ့သြအံ့အားသင့်သွားပါလိမ့်မယ်...မြန်မာပြည်ကြီး ဒီမိုကရေစီရပြီဆိုတော့ ကျနော်ဖြင့်မျက်ရည်ကျမတတ်ပေါ့  ၀မ်းသာလွန်းလို့ ဒါနဲ့လေ ကျနော့် သူငယ်ချင်းကိုအားရပါးရ ဖုံးဆက်ပြီး../ ဟေ့!သူငယ်ချင်း ရေ. ငါတိုမြန်မာပြည်ကြီးဒီမိုကရေစီရပြီဆို....လို့...ပြောလိုက်ယုံပဲရှိသေးပါတယ်...ကျနော်ရဲ့သူငယ်ချင်းကလေ MADE IN CHINA DEMO လို့ပြန်ပြောလေရဲ့....ဒါနကျွန်မက..ဘာတုံးဟ MADE IN CHINA DEMO  ဆိုတော့ ...တရုတ်ပြည်ကထုတ်တဲ့ ပစ္စည်းတော်တော်များများဟာ ကွာလတီလို့ခေါ်တဲ့..အရည်အသွေးအရည်အချင်းထက်...ကွာအင်နတီလို့ခေါ်တဲ့   အရည်အတွက်ပေါများမှု့ကိုပဲဦးစားပေးတတ်ကြတာမှတ်လား....အမြင်မှာတော့သိပ်ကိုလှပပြီး..သိပ်ကိုစွဲဆောင်နိုင်တာပေါ့.....ဈေးလေးကအရမ်း ကိုပေါမှပေါ ပဲလေတဲ့...ဒါပေမဲ့ကြာကြာတော့မခံပါဘူး ...ကွာလတီ က အရမ်းညံ့ဖျင်းဆိုးရွားတာကို ..သူတို့တွေကကွာအင်နလ်တီ ကိုပဲဦးစားပေးပြီး...စားသုံးသူလက်ထဲကိုထိုးအပ်လိုက်ကြတာလေ....ကဲ  ဒီတော့သူငယ်ချင်းရေ...မင်းပဲစဉ်းစားပေတော့..တဲ့  ကျနော် ရဲ့  စိတ်ထဲကမြင်ယောင်လိုက်မိတာကတော့လေ..အော် မြန်မာပြည်ဖြစ် ဒီမိုကရေစီ ကလည်း...တရုတ်ပြည်ထုတ်ကုန်ပစ္စည်းလို စားသုံးသူမြန်မာပြည်သူတွေကို လှည့်ဖျားပြီး အမြင်ဆန်းအောင်   ရိုက်စားလုပ်လိုက်ပြန်ပြီဟေးးးး!လို့ စိတ်ထဲကနေ  အရင်လို ဘယ်တော့လဲ တကဲ့ဒီမိုကရေစီ လိုသာ ရေရွှတ်လိုက်မိပါတယ်ဗျာ....

Monday, October 1, 2012

ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်သူနှစ်ဦး စမ်းချောင်းတရားရုံး ဆင့်ခေါ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က လမ်းလျှောက်ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (ခေါ်) အယ်လ်ခေါန်ထွဲ တို့ကို ဒီကနေ့ မနက် (၁၀) နာရီမှာ စမ်းချောင်းမြို့နယ် တရားရုံးက ဆင့်ခေါ်ခဲ့ပြီး လာမယ့် အောက်တိုဘာလ (၃) ရက်နေ့ကို ရုံးချိန်း သတ်မှတ် လိုက်ပြီလို့ သိရပါတယ်။
ဒီအမှုကို မြို့နယ်ရဲစခန်းက တရားလိုအဖြစ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင်  ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ တို့ကို အရပ်ဘက် အသင်းအဖွဲ့အစည်း တွေက ကူညီပံ့ပိုးပေးကြဖို့  ရှိပါတယ်လို့ ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
"ဒီနေ့ကတော့ ဒီအမှုတွဲကို တရားရုံးကနေ လက်ခံပြီးတော့ ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုထားတဲ့ အကြောင်း၊ တရားခွင်အရ တရားဥပေဒေအရ တရားရုံးကနေ ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း၊ ပြီးရင် သဘက်ခါကို ရုံးချိန်တစ်ခါတည်း ခေါ်လိုက်တယ်၊ ဒီအပေါ်မှာ ကျွန်တော်တို့ဟာ မှားယွင်းမှု လုံးဝမရှိကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအရ ကျွန်တော်တို့ ဒါကိုပြန်ပြီးတော့ ချေပပြီးတော့ ဒီအမှုကို ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကူအညီ တောင်းဖို့ဆိုတာထက် အသင်းအဖွဲ့တွေ အားလုံးက ဒီကိစ္စမှာ ကျွန်တော်တို့နဲ့အတူ ရှိနေပြီဆိုတဲ့ အကြောင်းကို သူတို့က အကြောင်းကြားပါတယ်။ လူမှုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အရပ်သား လူ့အဖွဲ့အစည်းတွေပေါ့။"
ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့  ဒေါ်မေစံပယ်ဖြူ တို့ဟာ အောက်တိုဘာလ (၁၀) ရက်နေ့မှာလည်း ဒဂုံမြို့နယ်တရားရုံးရဲ့  ရုံးချိန်းသွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Friday, September 28, 2012

Myanmar-US relationship build more stronger.

အမေရိကန်သမ္မတ အိုဘားမား က သမ္မတ သက်တမ်းမကုန်ခင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်အစီအစဉ်ရှိပြီး သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား အမေရိကသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် နောက်တစ်ခေါက်လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်ဟု သမ္မတဦးသိန်းစိန်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ဘီဘီစီသို့ပြောကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန် နှင့် သမ္မတ အိုဘားမားတို့ ယခုလ ၂၆ ရက်က ပြုလုပ်ခဲ့သည့် စည်းဝေးပွဲအပြီးတွင် စည်းဝေးပွဲရလဒ်အဖြစ် ထိုသို့ပြောကြားခြင်းဖြစ်ကြောင်
းသိရသည်။အလားတူ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားတို့လည်း မြန်မာနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်ကာ မြန်မာ့အပြောင်းအလဲများအား လေ့လာကြမည်ဖြစ်ကြောင်းသိရသည်။

Thursday, September 27, 2012

အောက်တိုဘာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုညီလာခံကျင်းပမည်

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အောက်တိုဘာလအတွင်း ဗဟိုညီလာခံအပါအ၀င် ညီလာခံအားလုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက စက်တင်ဘာလ ၂၇ ရက်နေ့က ပြောပါသည်။

ညီလာခံများကို မြို့နယ်ညီလာခံ၊ ပြည်နယ်တိုင်းဒေသကြီး ညီလာခံနှင့် ဗဟိုညီလာခံတို့ကို အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ညီလာခံ ပြုလုပ်မည်မဟုတ်ကြောင်း၎င်းက ဆိုပါသည်။

ဗဟိုညီလာခံတွင် ပါတီဖွဲ့စည်း ပုံစည်းမျဉ်းကို ညီလာခံတွင် အတည် ပြုမည်ဖြစ်ကြောင်း၊ စည်းမျဉ်းအ သစ်အရမြို့နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဥက္ကဋ္ဌရာထူးများ ထားရှိသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဗဟိုကော်မတီဝင် ၁၅၀ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၅၀ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးက ပြောပါသည်။

"ဗဟိုအဆင့်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးတွေက မလစ်လပ်ပါဘူး။ တာဝန်မထမ်းဆောင်နိုင်တာပဲ ရှိပါတယ်။ တိုင်းအဆင့် ညီလာခံတွေပြီးမှ ဗဟိုတက်ရမှာဆိုတော့ ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး"ဟု အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောကြားပါသည်။

ထို့အပြင် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို တင်ပြဆွေး နွေး၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။

နိုင်ငံတော်သမ္မတကြီး၏ နယူးယောက်သတင်းများ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား၊ တတိယမြောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ် ဦးသန့်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ရခိုင်အရေး ကချင်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့

Wednesday, September 26, 2012

ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်သစ်တွေ ဘယ်သူ ဖြစ်လာမလဲ

လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်သစ်တွေကို လာမယ့် လမှာ ရွေးချယ်သွားမှာဖြစ် တယ်လို့ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ပါတီ အထွေထွေအတွင်းရေးမှူးက ပြောလိုက်ပါတယ်။ 

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာလူထုကြား လူကြိုက်အများဆုံးဖြစ်နေမှုကြောင့် လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အကြို ပြင်ဆင်ဖို့အတွက် ဖိအားတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ AFP သတင်း တပုဒ်မှာ ဆိုပါတယ်။ 

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လာမယ့် လ ကျင်းပမယ့် ညီလာခံမှာ ပါတီကို ခေါင်းဆောင် ပိုင်း လစ်လပ်နေတာဖြည့်ဖို့ မျှော်လင့်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ဧပြီ လ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရလိုက်တာကြောင့် ပါတီကို ပြန်လည် သုံးသပ်လာရတာ ပါ။ 

“အဓိက ကိစ္စကတော့ ကျနော်တို့ပါတီကို ပိုပြီးခိုင်မာတောင့်တင်းအောင် စည်းရုံးမှုရှိဖို့ လုပ်တာပါ” လို့ ကြံ့ခိုင်ရေး ပါတီ အ ထွေထွေအတွင်းရေးမှူးလည်းဖြစ် လက်ရှိ လွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဦးဌေးဦးက AFP ကို ပြောလိုက်ပါတယ်။ 

ပါတီရဲ့ လစ်လပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ခေါင်းဆောင်သစ်တွေ ရွေးချယ်တင်မြှောက်ဖို့အတွက် လာ မယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပါတီညီလာခံကို ကျင်းပမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြော ထားပါတယ်။


 ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ယခင် ပါတီ ဥက္ကဌကနေ သမ္မတ ဖြစ်သွားလို့ ဥက္ကဌနေရာ လစ်လပ်နေတာကြောင့် ညီလာခံက နေပြီး ပါတီ ဥက္ကဌ အသစ် တဦးရွေးချယ်ပေးနိုင်မယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းပြည်မှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်အုပ်ချုပ်ရေး တွေကို အဆုံး သတ်ပြီး ပြုပြင်ပြောင်းလဲ 
ရေးတွေ ဆက်တိုက်လုပ်လာတာလည်းဖြစ်ပါတယ်။ 

 ဝေဖန် သုံးသပ်သူတွေအဆိုအရ သမ္မတ ဦးသိန်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့ ကြားမှာ အာဏာဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဦးရွှေမန်းဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ သမ္မတဖြစ်လာ နိုင်တယ်ဆိုတဲ့ ကျယ် ကျယ်ပြန့်ပြန်စဉ်းစား ထင်မြင်ချက်တွေလည်း ပေါ်ထွက်နေတာပါ။ 

တကယ်တော့ သူတို့ ၂ ဦးလုံးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဘဲ ဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာက တည်းက လူတွေပါဘဲ။ 

ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အခု ရောက်နေပြီး တိုင်း ပြည်ရဲ့ အနာဂါတ်အတွက် ဘယ်လို အစီအစဉ်တွေကို ချမှတ်အကောင် အထည်ဖော်လာနိုင်မလဲ ဆိုပြီး မျှော်လင့်နေကြတာပါ။ 

တကယ်တော့ သမ္မတနဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ မပါတဲ့ အငြင်းပွား ဖွယ်တွေပြည့်နေတဲ့၂၀၁၀ အထွေထွေရွေးကောက်ပွဲကို စစ်ယူနီဖောင်းတွေ ချွတ်ပြီး ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရသူတွေပါ။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ မဲဆန္ဒနယ် ၄၄ ခုမှာ ယှဉ်ပြီးပြီး ၄၃ နေရာ အနိုင်ရလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း လွှတ်တော်အမတ်ဖြစ်လာ ပြီး အခုဆို လွှတ်တော်တက်ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် နယူးယောက်မှာ တွေ့ဆုံ

 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန်တို့ ၂ ဦးဟာ အမေရိ ကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက တွေ့ခဲ့ကြပါတယ်။ 
 

ဒေါ်အောင်ဆန်းစုကြည်ဟာ  လုံခြုံရေး ထူထူထပ်ထပ်နဲ့ သမ္မတ ဦးသိန်းစိန် တည်းခိုရာ The Mark  ဟော်တယ်ကို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လုံခြုံရေးတာဝန်ယူထားသူတွေက အတော်စေ့စေ့စပ်စပ်နဲ့ အထူး ကြပ်မတ်လုံခြုံရေး ယူထားတာလို့ သိရပါတယ်။

Friday, September 7, 2012

အလုပ်သမား ၁ ထောင်ကျော် ရန်ကုန်မှာ အရေးဆို

လှိုင်သာယာမြိုနယ်စက်မူ့ ဇုံ ၄ က SMK အထည်ချုပ်စက်ရုံ က အလုပ်သမား ၁ ထောင်ကျော်ဟာ ယနေ့ နံနက် ၉ နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြပါတယ်။

သူတို့ အခု ရနေတဲ့ အခြေခံ လစာ ကျပ်ငွေ ၂ သောင်းက နေ ၃ သောင်း ကျပ်အထိ တိုးပေးဖို့ မရမ်းကုန်းမြို့ နယ် မှာ ရှိတဲ့ အလုပ်သမားရုံးကို လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။

လမ်းမှာတော့ မရမ်းကုန်း မြို့နယ်ရဲမှူးက လူစုလူဝေးနဲ့ အခုလို ခွင့် ပြုချက်မတောင်းဘဲ လမ်းလျှောက် ဆန္ဒပြမှု ကို လူစုခွဲပြီး ရပ်တန့်ဖို့ တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရတော့ မရမ်းကုန်းမြို့နယ်က အလုပ်သမားရုံးမှာ အလုပ်သမား ခေါင်းဆောင်
တွေ နဲ့ အစိုးရရဲ့ အလုပ်သမား ရေးဆိုင်ရာ တာဝန်ရှိ သူတွေဆွေးနွေးနေကြ တယ် လို့ ဆိုပါတယ်။

အလုပ်သမား ၁ ထောင်ကျော် ရန်ကုန်မှာ အရေးဆို

လှိုင်သာယာမြိုနယ်စက်မူ့ ဇုံ ၄ က SMK အထည်ချုပ်စက်ရုံ က အလုပ်သမား ၁ ထောင်ကျော်ဟာ ယနေ့ နံနက် ၉ နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြပါတယ်။

သူတို့ အခု ရနေတဲ့ အခြေခံ လစာ ကျပ်ငွေ ၂ သောင်းက နေ ၃ သောင်း ကျပ်အထိ တိုးပေးဖို့ မရမ်းကုန်းမြို့ နယ် မှာ ရှိတဲ့ အလုပ်သမားရုံးကို လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။

လမ်းမှာတော့ မရမ်းကုန်း မြို့နယ်ရဲမှူးက လူစုလူဝေးနဲ့ အခုလို ခွင့် ပြုချက်မတောင်းဘဲ လမ်းလျှောက် ဆန္ဒပြမှု ကို လူစုခွဲပြီး ရပ်တန့်ဖို့ တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရတော့ မရမ်းကုန်းမြို့နယ်က အလုပ်သမားရုံးမှာ အလုပ်သမား ခေါင်းဆောင်
တွေ နဲ့ အစိုးရရဲ့ အလုပ်သမား ရေးဆိုင်ရာ တာဝန်ရှိ သူတွေဆွေးနွေးနေကြ တယ် လို့ ဆိုပါတယ်။

ထောက်လှမ်းရေးက နိုင်ငံရေးသမားကို အသံဖမ်းစက် လက်ဆောင်ပေး

ရဲထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးသမားတွေကို သတင်းသမားအဖြစ် အသွင်ကူးပြောင်းစေချင်သလား?

SB လို့ လူသိများတဲ့ ရဲထောက်လှမ်းရေးအဖွဲ့က ရန်ကုန်ရောက် နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင် သုံးဖို့ "အသံဖမ်းစစ်အမဲရောင်လေး" ပေးထားတယ်လို့ Shwe Myitmakha Media Group ရဲ့ ဆောင်းပါးတပုဒ်မှာ ဒီနေ့ ရေးထားပါတယ်။

ဒေါက်တာနိုင်အောင်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ရှိနေတုန်း ဒီအသံဖမ်းစက်ကို တွေ့ခဲ့တာပါ တဲ့။

"ကျနော့်ကို အက်စ်ဘီက လာပေးသွားတာပါ၊ သုံးချင်တာရှိရင် သုံးလို့ရအောင်ဆိုပြီး ပေးသွားတာပါ" လို့ ဒေါက်တာနိုင်အောင်က Shwe Myitmakha ကို ပြောပါတယ်။

မြန်မာပြည်မှာ အသံဖမ်းစက် အများဆုံး သုံးတဲ့သူတွေကတော့ သတင်းသမားတွေပါ။

ထောက်လှမ်းရေးတချို့လည်း အသံဖမ်းစက် သုံးပါတယ်။

ဒေါက်တာနိုင်အောင်ကို အသံဖမ်းစက် လက်ဆောင်ပေးရခြင်းရဲ့နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပုံတွေမှာ တွေ့ရတဲ့အတိုင်း ပြည်ပရောက်အတိုက်အခံခေါင်းဆောင်များဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့ ဒီကနေ့ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ တွေ့ဆုံကြပါတယ်။
ငြိမ်းချမ်းရေး၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ရွက်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အတွင်း သဘောထား ကွဲလွဲတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

"ကျွန်မတို့ ဒီနေ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI law ကိုတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။ အဓိက ကတော့ အဲဒီမှာ အပြင်မှာလည်းပေါ့နော်၊ ဆွေးနွေးနေကြတဲ့ သဘောတူညီမှု မရှိတဲ့ အချက် နှစ်ချက်ကို ပြင်လိုက်တယ်။ နံပါတ်တစ်ကတော့ ပုံသေ မသတ်မှတ်ဘူး။ လုပ်ငန်းသဘာဝပေါ် မူတည်ပြီးတော့ပဲ ရင်းနှီးမြုပ်နှံရမဲ့ ငွေပမာဏကို သတ်မှတ်မယ်။ နောက်တစ်ခုကတော့ ဖက်စပ် လုပ်မယ်ဆိုတဲ့ နေရာမှာလည်း စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုးအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်လို့ တင်ထားပါတယ်"
အရင် ဥပဒေ မူကြမ်းမှာပါရှိတဲ့ ကနဦး ရင်နှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ပါဝင်ရမည် ဆိုတဲ့အချက်ကို အခု ပယ်ဖျက်လိုက်ပါတယ်။
နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအစား နိုင်ငံခြားသားသည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက မတည်ငွေရင်း၏ ၅၀-၅၀ အချိုး ထည့်ဝင် ဆောင်ရွက်ရန် ဖြစ်သည်ဆိုပြီး ပြင်ဆင်လိုက်တဲ့အပြင် ကော်မရှင် ဖွဲ့စည်းရာတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေး နယ်ပယ်အသီးသီးရှိ စီးပွားရေး ကျွမ်းကျင်သူများထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းရမည် ဆိုသည့်အချက်များလည်း ပါဝင်ပါတယ်။
ပြည်ထောင်စုလွတ်တော်က အခုအတည်ပြုလိုက်တဲ့ ဥပဒေကို တရားဝင်ဖြစ်ရန် သမ္မတ ဦးသိန်းစိန်က လက်မှတ် ထိုးရမှာ ဖြစ်ပါတယ်။

Wednesday, August 22, 2012

ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ


ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။
ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကုမ္ပဏီထွက် Beetle, Golf နဲ့ Passat ကားမော်ဒယ်တွေနဲ့ လူသိများပါတယ်။ ကုမ္ပဏီဟာ နှစ်စဉ် ကားအစီးရေ ၄ သန်း ပျမ်းမျှ ရောင်းချနေရပါတယ်။
တချိန်ထဲမှာပဲ တောင်ကိုးရီးယား ကားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Hyundai နဲ့ Kia ကားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ဒိုင်းမွန်းစတားကုမ္ပဏီကို ဒေသတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးနေကြောင်းနဲ့ ကားအသစ်တွေ တင်သွင်းမှာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဒိုင်းမွန်းစတား ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဂျပန်နဲ့ တောင်ကိုးရီးယားက ကားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအစာ၊ ဆေးဝါး၊ ဓာတ်မြေသြဇာနဲ့ Shopping Mall မှာ ရောင်းချတဲ့ ပစ္စည်းတွေကို တင်သွင်း၊ တင်ပို့တဲ့လုပ်ငန်း လုပ်ကိုင်ပြီး မကြာသေးခင်ကပဲ အမေရိကန် အချိုရည် Pepsi ကုမ္ပဏီရဲ့ အရောင်း ကိုယ်စားလှယ် ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ထွေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ထွေးက မပြောပါဘူး။
အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

Monday, August 13, 2012

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အတည်ပြု ပြောကြားပါတယ်။


"၉ နာရီမှာ တွေ့တာ သေချာတယ်။ ဟိုတခါတုန်းက တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့တဲ့ နေရာမှာ တွေ့တာပါ။ ဟိုဘက်ကပဲ သတင်းထုတ်ပါလိမ့်မယ်။"
ဒီကနေ့ တွေ့ဆုံမှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ မတူတာတွေ ဘေးဖယ်ပြီး၊ နိုင်ငံနဲ့ လူမျိုးအတွက် တူညီတာတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက တစ်ကြိမ်၊ အခုနှစ် ဧပြီလက တစ်ကြိမ် နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း နိုင်ငံရေးပါတီ အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး များမကြာခင် မှာလည်း ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆက်လက် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
rfa

Monday, July 30, 2012

စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ်တောင်းဆို

တရုတ်နိုင်ငံသား (၁၃) ဦး မဲခေါင်မြစ်တွင်း သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က လက်ထောက်တဦးကို လွှဲပြောင်းပေးဖို့ တရုတ် အာဏာပိုင်တွေက တောင်းခံ ခဲ့ပေမဲ့ မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ နီးစပ်သူ အသိုင်း အ၀ိုင်းက ပြောပါတယ်။ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဒီသီတင်းပတ်တွင်း ဆွေးနွေးရာမှာ တရုတ်အာဏာပိုင်တွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းမှာ တရုတ်သဘောင်္သား (၁၃) ဦး သတ်ဖြတ်ခံရမှုမှာ တာဝန် ရှိတယ်လို့ ယုံကြည်ထားတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့အဖွဲ့ရဲ့ ထိပ်တန်းလက်ထောက် တဦးဖြစ်ပြီး နောက်ပိုင်း မြန်မာ အာဏာပိုင်တွေထံ လက်နက်ချသွားတဲ့ စိုင်းအောင်မြတ်ကိုလွှဲပေးဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က တောင်းဆို ခဲ့ပေမဲ့ မြန်မာဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တရုတ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရို ညွှန်ကြားရေးမှူး Liu Yuejin ဦးဆောင်တဲ့ အဖွဲ့ကို ကျိုင်းတုံအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ စိုင်းအောင်မြတ်ကို စစ်ဆေးခွင့်တော့ပေးခဲ့ တယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ်အယ်ဒီတာ ဦးခွန်စိုင်းက ပြောပါတယ်။

“တရုတ်အာဏာပိုင်တွေက စစ်ဆေးပြီးတော့ ဒီနေ့ ကျိုင်းတုံကနေ သူတို့ယာဉ်နဲ့ ခရီးဆက်ပြီးတော့ မှ ပြန်သွား တယ်လို့ ပြောပါတယ်။ ဒီ တရုတ်အာဏာပိုင်တွေက နေပြည်တော်အာဏာပိုင်တွေနဲ့ သူတို့ ဆွေးနွေးတဲ့အခါကျ တော့ နေပြည်တော်ဘက်ကနေပြီးတော့ ဒီစိုင်းအောင်မြတ်ကို မပေးနိုင် ဘူး။ သူက အဖမ်းခံရတာ မဟုတ်ဘူး။ သူက လက်နက်လာချတဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့ မအပ်နိုင် ဘူးလို့ ပြောပါတယ်။ ဇူလိုင်လ (၂၇) ရက် သောကြာနေ့မှာ ကျိုင်းတုံမြို့ကို သူတို့ခရီးထွက်လာတယ်။ (၂၈) ရက်နဲ့ (၂၉) ရက်မှာ ဒီစိုင်းအောင်မြတ်ကို သူတို့ စစ်ဆေးမေးမြန်းတယ်လို့တော့ ကြားရတယ်။ တရက်ကို (၁၂) နာရီလောက် သူမေးတယ်လို့ ပြောတယ်။ နေ့လည် (၂) နာရီကနေ ညသန်းခေါင်ကျော် ည (၂) နာရီအထိ တနေ့ကို (၁၂) နာရီအထိ သူ့ကို စစ်ဆေး တာပေါ့နော်။”

အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့တခုကို ဦးဆောင်လာတဲ့ တရုတ်မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို အကြီးအကဲနဲ့ အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး အပြန်အလှန် သတင်း အချက်အလက်တွေ ဖလှယ် ခဲ့တဲ့အကြောင်း တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ ရွှေတြိဂံဒေသ မှာ မူးယစ်ရာဇာ တစ်ဦးလို့ လူသိများတဲ့ စိုင်းနော်ခမ်းရဲ့ လက်ထောက်ခေါင်းဆောင် တစ်ဦးဖြစ်ပြီးတော့ စိုင်းနော်ခမ်းကို ဧပြီလနှောင်းပိုင်း လာအိုအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရအပြီး မေလ (၁၅) ရက်နေ့မှာ အဖွဲ့ဝင် (၁၅) ယောက်နဲ့ တာချီ လိတ်မြို့ မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။ စိုင်းအောင်မြတ်ကို တရုတ်အစိုးရကနေ အလိုရှိနေ တဲ့အကြောင်းအရင်းကိုတော့ ကျိုင်းတုံမြို့နယ် လုံခြုံရေး အာဏာပိုင်တွေနဲ့ နီးစပ်သူ ဒေသခံတဦးကလည်း အခု လို ပြောပြပါတယ်။

“အောက်တိုဘာလ (၅) ရက်နေ့တုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် (၁၃) ဦး အသတ်ခံရတယ်။ အဲဒီ တရုတ် (၁၃) ဦး အသတ်ခံရတာက သူကိုယ်တိုင် ကွင်းဆင်းပြီးတော့မှ စီစဉ်တဲ့သူလို့ ထိုင်း ဘက်က ပြောတယ်လေ။ အဲဒီ စိုင်းအောင်မြတ်က သူကိုယ်တိုင် သေနတ်သမားတွေကို ဦးဆောင်ပြီးတော့မှ အဲဒီတရုတ်ကို သတ်ဖြတ်ခဲ့တာပေါ့။ အဲဒါကြောင့်တရုတ်(၁၃) ဦး သေဆုံးတဲ့ အမှုက သူနဲ့ တိုက်ရိုက် ပက်သက်တယ်။ သူက အားလုံးသိနိုင်တယ် ဆိုပြီးတော့မှ တရုတ်က သူ့ကို အလိုရှိနေတာ။”

စိုင်းအောင်မြတ်ဟာ မြန်မာစစ်တပ်မှာလက်နက်ချခဲ့ပေမဲ့လည်း လက်ရှိမှာတော့ ကျိုင်းတုံ အကျဉ်းထောင်မှာ အကျဉ်းချခံနေရသလို စစ်ဆေးမေးမြန်းတဲ့နေရာမှာ ညှင်းပမ်း နှိပ်စက်ခံနေရ တယ်လို့လည်း အဲဒီဒေသခံကပဲ ဆက် ပြောပါတယ်။

“ဒီစိုင်းအောင်မြတ်ကလည်း မြန်မာအစိုးရနဲ့ ဒီထောက်လှမ်းရေးတွေ၊ စစ်ဆေးတဲ့သူတွေက ရိုက်နှက်ပြီးတော့မှ စစ်ဆေးနေလို့ သူက ၀န်ခံလိုက်ပြီလို့ ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက အဲဒီလိုမျိုး မတရား အရမ်းရိုက်နှက် စစ်ဆေးလို့ သူက မခံမရပ်နိုင်ဖြစ်လို့ ၀န်ခံလိုက်ရတာတဲ့။ အမှန်တော့ သူက မသိဘူးလို့ အဲဒီလို မျိုး ပြောတယ်။”

တရုတ်လုံခြုံရေး အရာရှိယိုယွဲ့ကျင်း ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ရဲချုပ် ဖြိုးဖန်းဒါမားဖုန်းထံ လာရောက်လည် ပတ်ခဲ့စဉ်က ထိုင်းလူမျိုး (၁၃) ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူလို့ယူဆရတဲ့ စိုင်းအောင်မြတ်ကို မြန်မာ အစိုးရထံမှာ သွားရောက်လွှဲယူမယ်လို့ ပြောဆိုခဲ့ကြောင်း ဇွန်လ (၂၃) ရက်နေ့စွဲနဲ့ ထိုင်းနိုင်ငံထုတ် မတိချွန်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလထဲက လောနိုင်ငံမှာအဖမ်းဆီးခံခဲ့ရပြီး တရုတ်အစိုးရထံမှာ လွှဲအပ်ခြင်းခံရတဲ့ ခေါင်းဆောင် ဖြစ်သူ စိုင်းနော်ခမ်းကလည်း ဒီသတ်ဖြတ်မှုမှာ သူ့လက်ချက်ဖြစ်ကြောင်း ၀န်ခံထားတယ်လို့ ထိုင်းသတင်းစာတွေ ကနေ ရေးသားထားပါတယ်။

စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဦးခွန်ဆာဦးဆောင်တဲ့ မုန်တိုင်းအာမီတပ်ဖွဲ့မှာ ပါဝင်ခဲ့ပြီး (၁၉၉၆) ခုနှစ်မှာ မြန်မာအစိုးရထံ လက်နက်ချခဲ့ပြီးတော့ တာချီလိတ်မြို့နယ် ပြည်သူ့စစ် အဖြစ် ရပ်တည်ခဲ့ပါ တယ်။ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်ဆေးတင်သွင်တဲ့ အမှုတွေနဲ့ ပက်သက်ပြီး စိုင်းနော်ခမ်းတို့အဖွဲ့ရဲ့ လက်ချက် လို့လည်း ထိုင်းအစိုးရကနေ စွပ်စွဲထားပါတယ်

ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ

ဘာသာရေးဖိနှိပ်မှု၊ စီးပွားရေး၊ အဖိနှိပ်ဆုံး၊ မြန်မာ၊ အမေရိကန်၊ နိုင်ငံခြားရေးဌာန အစီရင်ခံစာ
မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီ အစီရင်ခံစာ မှာ နိုင်ငံအရပ်ရပ်က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြရာမှာ မြန်မာနိုင်ငံထဲ အထူးသဖြင့် လူနည်းစု ဘာသာ ၀င်တွေဟာ ပစ်မှတ်ထား ဖိနှိပ်မှုခံရနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ် ထားခြင်းမရှိပေမယ့် ဘာသာ ယုံကြည် ကိုးကွယ်မှု ဓလေ့စရိုက်တွေအပေါ်မှာ အခြေခံပြီး လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အခု အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ လူများစုနဲ့ ခရစ်ယာန်၊ မွတ်ဆလင် လူနည်းစုတွေအကြား လူမှုနယ်ပယ်အတွင်း တင်းမာမှုတွေရှိနေတယ် လို့ ထောက်ပြပါတယ်။  အချိန် အတန်ကြာကတည်းက ရှိခဲ့တဲ့ ဘာသာရေး တင်းမာမှုတွေကြောင့် ရုတ်တရက် အကြောင်းတရားတွေကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်ခဲ့ရတယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Suzan Johnson Cook က မနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံထဲ အချိန်အတော်ကြာကြာကတည်းက တအုံနွေးနွေးနဲ့ရှိခဲ့တဲ့ တင်းမာမှုတွေကနေ ပစ်ပယ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရုတ်ချည်းဆိုသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။”

အစီရင်ခံစာထဲမှာတော့ လူနည်းစု ဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသလို လူနည်းစု လူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ အပေါ်မှာလည်း စည်းမျဉ်း တင်းကြပ်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမဲ့ ဘာသာရေးအရ ထုတ်ဝေမှုတွေကိုတော့ သာသနာရေးဝန်ကြီးဌာနက ချုပ်ကိုင်ထား ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ Bible ကျမ်းစာ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ Qur’an ကျမ်းစာ ထုတ်ဝေမှုတွေမှာ ကန့်သတ်မှုတွေ ခံနေရတယ် လို့ ထောက်ပြပါတယ်။ ဒီလို ဘာသာရေး ဖိနှိပ်မှုတွေကြောင့်ပဲ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ Country of Particular Concern (CPC) အထူး စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာ ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထည့်သွင်းထားတယ်လို့ ဖော်ပြပါတယ်။ အခု အစိုးရသစ် တက်လာပြီး နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေ ရှိနေပေမဲ့  ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကတော့ ထူးမခြားနားရှိနေဆဲပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဆလိုင်းဘွေလျှမ်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“တလျှောက်လုံးပေါ့နော်။ အဲဒီ မဆလ ခေတ်ကတည်းက ကျမ်းစာအုပ်တွေကို ချင်းဘာသာနဲ့ သော်လည်းကောင်း ထုတ်ဝေခွင့် မရှိခဲ့ပါဘူး။ ဒါတင်မကဘူး၊ ခရစ်ယာန်ဘာသာရဲ့ အရေးကြီး အဓိက အခန်းကဏ္ဍမှာပါတဲ့ လက်ဝါးကပ်တိုင်ပေါ့နော်- အဲဒီ လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီး တာ တော်တော်လေး တွေ့ရတယ်။ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်တောင် ပိုင်း၊ မင်းတပ်မှာလည်း ဖျက်တယ်။ ကန်ပက်လက်မြို့နယ်မှာလည်း ဖျက်တယ်၊ ပြီးတော့ ချင်းပြည် နယ်မြို့တော် ဟားခါးမှာလည်း ဖျက်ဆီးတာတွေ တွေ့ရတယ်။

ဆိုတော့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ တိုးတက်မှု မရှိဘူးပေါ့နော်။ စိုးရိမ်စရာတောင် ပိုကောင်းသလားလို့ ကျနော်တို့ တွေ့နေရတဲ့အချက်တွေ ရှိတယ်။”
အခုလိုမျိုး လူနည်းစု ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အခုလို ဖိနှိပ်ခံရတဲ့ ပြဿနာက အစိုးရထဲမှာ ဒါမှ မဟုတ် နိုင်ငံတော်မှာရှိတဲ့ စံနစ်ကြောင့်လို့ပဲ ယူဆသလား၊ လူမှုအဖွဲ့အစည်းထဲ မှာကိုက ဖြစ်နေတာလား၊ ဘယ်လိုမြင်ရသလဲခင်ဗျ။

“အရေးကြီးတယ်လို့ ကျနော်ထင်တာက ကမ္ဘာမှာကြည့်လို့ရှိရင် ဘာသာရေးအခြေခံ မဟုတ်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ သာသနာရေး ဝန်ကြီး ဌာနတွေမှာ ကျနော်တို့ မတွေ့ရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာက ထူးထူးခြားခြား သာသနာရေးဝန်ကြီးဌာနက အဓိက အခန်း ကဏ္ဍမှာ ပါဝင်နေတယ်။ ဆိုတော့ ကျနော်တို့ လူနည်းစုဘာသာ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ တခြားဘာသာ အမြင်နဲ့ပဲဖြစ်ဖြစ် ပြောရလို့ရှိရင် အဲဒီ သာသာနာရေးဝန်ကြီးဌာနဟာ လူနည်းစုတွေကို ဖိနှိပ်ဖို့နဲ့ အများစု ဘာသာကို ပံ့ပိုး အားပေးပြီးတော့ မြှောက်ပင့်တဲ့ဌာနလို့ပဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။”

မြန်မာနိုင်ငံထဲ အခြားလူနည်းစု ဘာသာဝင်တွေတင် မဟုတ်ပါဘူး။ လူများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာထဲမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ အခု နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအရ စိုးရိမ်ချက်တွေနဲ့ ဗုဒ္ဓဘာသာအပေါ်မှာလည်း ဖိနှိပ်မှုတွေရှိနေတဲ့အကြောင်း သံဃာ့တပ်ပေါင်းစု ပြည်ပ တာဝန်ခံ အရှင်ပညာဇောတကလည်း မိန့်ပါတယ်။
“သံဃာတော်တွေကို သင်္ကန်းတွေ အတင်းဆွဲချွတ်ပြီးတော့ ထောင်ထဲ အထည့်ခံရတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တရားဟောခွင့် ပိတ်ပင်တာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ သာဓု ကျောင်းဆရာတော်ကို တရားဟောခွင့် ပိတ်တာတွေ ရှိတယ်။ နောက် ဒယ်အိုးဆရာတော်ကို တရားဟောခွင့် ပိတ်တာမျိုးတွေ ရှိပါတယ်။”

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အထဲမှာလည်း ရဟန်း၊ သံဃာတော် အတော်များများ ပါလာတယ်လို့ သိရပါတယ် ဘုရား။ အဲဒီတော့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာရော- အခုနကလို အလားတူ အခြေအနေက ပြောင်းလဲလာပါသလား။

“သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ ဥပမာ တချို့ကျောင်းတွေ ဆိုရင် ထောင်က လွတ်လာတဲ့ သံဃာတွေကို လက်မခံရဲ အောင်၊ လက်မခံနိုင်အောင်ပေါ့။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီး ဖိအားတွေ ပေးတာမျိုးတွေ လုပ်လာတယ်။ နောက်တခါ ထောင်ထဲ မှာလည်း သံဃာတော်တွေ အများကြီး ကျန်ပါသေးတယ်။ အခုဆိုရင် ထောင်ထဲမှာ သံဃာတော်တွေ အပါး ၆၀-၇၀ လောက် ရှိနေသေးတယ်။ တချို့သံဃာတွေကို ဘာသာရေး ပုဒ်မတွေနဲ့၊ သာသနာညှိုးနွမ်း ဆိုပြီး ဖမ်းပြီး ဥပဒေတွေ ထုတ်ပြီး ထည့်ထားတဲ့ သံဃာတော်တွေ အများကြီးပါ။”

အစီရင်ခံစာထဲမှာတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အပြုသဘောဆောင် တိုးတက် လာတဲ့အချက်တွေကိုလည်း ထည့်သွင်း ဖော်ပြပါတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ဆန္ဒပြနိုင်တဲ့ ဥပဒေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အတည်ပြု ပြဌာန်း လိုက်တာကို ချီးကျူး ထားပါတယ်။ အရင်တုန်းက ခရစ်ယာန်ဘုရားကျောင်းအချို့ ဆောက်လုပ်ရေး ပိတ်ပင်ခံရမှုအချို့ကို သာသနာရေး ၀န်ကြီးဌာနက ဖြေလျော့ပေးလာတာတွေရှိသလို နိုင်ငံအ၀ှမ်းမှာ မတူညီတဲ့ ဘာသာ အယူအဆတွေအကြား ဆက်စပ်ဆွေးနွေးမှုတွေ လုပ်ပေးတာတွေရှိတယ်လို့ ဖော်ပြပါတယ်။

လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။
"ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"
ကျောက်လှဲဘိန်းရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့  မိမိတို့ လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့  ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံးဝ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ ဝင် ကိုအေးသိန်းက ပြောပါတယ်။
"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။ လယ်တွေ၊ ယာတွေ၊ မြေတွေအသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ၀န်ကြီးအဖွဲ့ နဲ့  ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

Friday, July 13, 2012

ကုလ၀န်ထမ်း (၃) ဦး မြန်မာအာဏာပိုင်က တရားစွဲဆို


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ၀န်ထမ်း (၁၀) ယောက်ထဲက အနည်းဆုံး (၃) ယောက်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်ကြောင်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။
တရားစွဲဆိုခံရသူ (၃) ယောက်လုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။
သူတို့ကို ဘာပြစ်မှုနဲ့ တရားစွဲတာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (UNHCR) ရဲ့ ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ UNHCR ၀န်ထမ်းတွေကို ဘာပြစ်မှုနဲ့ ထိန်းသိမ်းခဲ့သလဲဆိုတာ သိရဖို့ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမဲ့ အခုထိ အကြောင်း မထူးသေးဘူးလို့ သိရပါတယ်။
ကျန်တဲ့ ထိန်းသိမ်းခံ ကုလသမဂ္ဂ ၀န်ထမ်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၀န်ထမ်း (၃) ယောက်နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MDF က ၀န်ထမ်း (၄) ယောက် ပါဝင်ပါတယ်။ သူတို့ကိုလည်း တရားစွဲဆို ထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
RFA

သမ္မတ ဦးသိန်းစိန် အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ


ဇူလိုင်လ ၁၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတည်ရှိပုံ၏ မဟာဗျူဟာမြောက် ပထ၀ီအနေအထားနှင့် တရုတ်၊ အိန္ဒိယ အင်အားကြီးနိုင်ငံနှစ်ခုအကြား သယံဇာတ အရင်းအမြစ်ပေါများသော်လည်း ဖွံ့ဖြို့မှုနောက်ကျနေကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့သော ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီစနစ် ကူးပြောင်းရန် ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မတူတာတွေ ဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းများ၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု မှတ်ယူနိုင်သော ပဋိပက္ခများမှာ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့အပြင် နိုင်ငံသစ်တည်ဆောက်ချိန်တွင် ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADBနှင့် UNDP တို့ထံမှ အကူအညီ မရနိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူများ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ်ပညာများ သင်ယူပြီ စီးပွားရေး ဆက်သွယ်ဆောက်ရွက်ရန် ဆန္ဒရှိသော်လည်း ပိတ်ဆို့ အရေးယူမှုများ ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်နေကြောင်း အာရှမှ မိတ်ဆွေနိုင်ငံများက အလေးထား အသိအမှတ်ပြု ခံရမည့် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံအဖြစ် ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

“ ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

“ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က “ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က “၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

“မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်”ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။
yangonchronicle

သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Clinton တွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရချမှတ်ထားတဲ့ အရေးယူ တားဆီးပိတ်ဆို့မှုတွေ ကို ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အခုသတင်းပတ်နှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။
တွေ့ဆုံမှုကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက VOA ကိုပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံရဲ့ပြင်ပမှာ အလွတ် သဘော တွေ့ဆုံကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးကလင်တန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကို ထူးခြားအရေးပါတဲ့ ခရီးစဉ်တခု အဖြစ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မနေ့က ရုပ်သိမ်းလိုက်ပြီး ၁၅ နှစ်အတွင်း ပထဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီး မြှုပ်နှံဖို့ ခွင့်ပြုလိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံက အရပ်သားအစိုးရရဲ့ အရေးပါတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့ တဲ့အပေါ်မှာ မူတည်ပြီး ပြန်လည်တုံ့ပြန် လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် က ပြောပါတယ်။
VOA

မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က ပြောပါတယ်။
ပါတီဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက် ရောက်ရှိလာပြီး သေနတ်တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနောက် မြို့ခံလူစုဟာ မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ် ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ် ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးနောက် ည ၈ နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။

RFA

"ဘင်္ဂါလီများကိစ္စနှင့်ပတ်သက်၍ သမ္မတက UNHCRသို့ပြောကြား"


နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွးခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။





(နိုင်ငံတော် သမ္မတရုံး)

ဒ်ါအောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့သည်။ 

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၀င်ရောက်ဆွေးနွေးပေးမှုဖြင့် ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်မှ သဘောတူညီခဲ့သည်။

အဆိုပါအဆိုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား Eleven Media Group က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Thursday, July 12, 2012

စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနေတဲ့အတွက် နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဇူလိုင်လ (၁၁)ရက်နေ့က ပြောကြားလိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာဖြစ်ပေမယ့် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာမှာတော့ ပါဝင်တော့မှာ မဟုတ် ကြောင်း စကာင်္ပူနိုင်ငံထုတ် The Straits Time သတင်းစာနဲ့ တွေ့ဆုံမေးမြန်ခန်းမှာ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ တပ်မတော်ကို နောက်ချန်မထားဖို့ အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်တွင်းမှာဘဲ အကန့်အသတ်နဲ့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍရှိပေမယ့် အစိုးရရဲ့ မူဝါဒတွေနဲ့ ပက်သက်လို့ တိုက်ရိုက် ပါဝင် ပက်သက်မှာ မဟုတ်ကြောင်း ဦးသိန်း စိန်က ပြောဆိုသွားပါတယ်။