Powered By Blogger

Thursday, July 12, 2012

စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနေတဲ့အတွက် နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဇူလိုင်လ (၁၁)ရက်နေ့က ပြောကြားလိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာဖြစ်ပေမယ့် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာမှာတော့ ပါဝင်တော့မှာ မဟုတ် ကြောင်း စကာင်္ပူနိုင်ငံထုတ် The Straits Time သတင်းစာနဲ့ တွေ့ဆုံမေးမြန်ခန်းမှာ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ တပ်မတော်ကို နောက်ချန်မထားဖို့ အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်တွင်းမှာဘဲ အကန့်အသတ်နဲ့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍရှိပေမယ့် အစိုးရရဲ့ မူဝါဒတွေနဲ့ ပက်သက်လို့ တိုက်ရိုက် ပါဝင် ပက်သက်မှာ မဟုတ်ကြောင်း ဦးသိန်း စိန်က ပြောဆိုသွားပါတယ်။

No comments:

Post a Comment