Powered By Blogger

Friday, April 5, 2013

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး ကားတင်သွင်းခွင့် မူဝါဒ ဖြေလျော့ပေးလိုက်တဲ့အတွက် ၂ နှစ်အတွင်း ကားအစီးရေ ၅ သောင်းကျော် တိုးလာကာ စုစုပေါင်း ကားစီးရေ ၄ သိန်း ၁ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ အစိုးရသစ် တက်လာပြီး ကားအစီးရေ ၆ သောင်းခွဲကျော်ကို လဲလှယ်တင်သွင်းခွင့် ပါမစ်တွေ ထုတ်ပေးခဲ့ပေမယ့် ကားအရည်အတွက် တိုးလာတာတော့ မဟုတ်ပါဘူး။ လက်ရှိ အနေအထားအရ မြန်မာနိုင်ငံမှာ ကားပိုင်ဆိုင်သူ ဦးရေ လူ ၁၀၀၀ မှာ ၇ စီးနှုန်းတောင် မပြည့်သေးတာကြောင့် အာစီယံနိုင်ငံတွေထဲမှာ ကားပိုင်ဆိုင်မှု အချိုးအစား အနည်းဆုံး နိုင်ငံ ဖြစ်နေပါသေးတယ်။

No comments:

Post a Comment