Powered By Blogger

Friday, April 19, 2013

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုတွင် ခေါင်းဆောင်ဟု ယူဆရသော ဒေသခံခြောက်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မဒေးကျွန်းရွာမမှ ဒေသခံ ဦးထွန်းကြည်က ပြောသည်။

"ရဲစခန်းက ဒီဆန္ဒပြပွဲကို ဘယ်သူထောက်ပံ့တာလဲ။ ပိုက်ဆံတွေ ဘယ်ကရတာလဲလို့မေးပြီး ပြန်လွှတ်တယ်။ သူတို့က ၁၀ ဦး ဖမ်းမယ်လို့ အကြောင်းကြားထားတယ်။ အခု ခြောက်ဦးကို စစ်ဆေးပြီးသွားပြီ"ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

စစ်ဆေးမေးမြန်းခံရသော ဒေသခံခြောက်ဦးမှာ မဒေးကျွန်း၊ ကျောက်တန်းကျေးရွာမှသုံးဦး၊ ပြိန်ရွာမှသုံးဦးတို့ ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့မှုကို ပြန်လည်လုပ်ဆောင်ပေးရန် အချက်ကိုးချက်ဖြင့် ဒေသခံ မဒေးကျွန်းမှ ရွာသူ၊ ရွာသား ၅၀၀ ခန့်က ဧပြီ ၁၈ ရက် နံနက်ပိုင်းမှစပြီး စီမံကိန်းအကောင်အထည်ဖော်နေသော China National Petroleum Cooperation (CNPC)ကို ဆန္ဒပြတောင်းဆိုခဲ့သည်။ ဆန္ဒပြရန် ဦးဆောင်သူများက သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုချက် တောင်းသော်လည်း ခွင့်မပြုသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment