Powered By Blogger

Wednesday, March 7, 2012

အရှင်ဂမ္ဘီရ နှင့် ၂ ဦး ပြန်လွတ်




ဓာတ်ပုံ - ENIGMA IMAGE

အာဏာပိုင်တို့က ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ တို့ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါပြီ။
အင်္ဂါနေ့ညမှာ ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည ၉ နာရီမှာ ပြန်လွှတ်ပေးလိုက်တာပါ။

မကြာသေးမီက ဆရာတော် သွားရောက်ခဲ့တဲ့ ကချင်ခရီးစဉ် အကြောင်း ခေါ်မေးတယ်၊ ညဘက် အိပ်ခွင့်မပြုဘဲ စစ်ကြောမေးမြန်းတယ်လို့ ဆိုပါတယ်။

အတူတူ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆရာတော်ရဲ့ညီ တော်စပ်သူ ကိုလွင်မောင်မောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းထွန်းဦး တို့လည်း ပြန်လွတ်လာပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း ဦးဂမ္ဘီရ တကြိမ် ခေါ်ယူ စစ်ဆေးခံရပါတယ်။

No comments:

Post a Comment